8 U/Z

2.3K 61 2
                                    

အချိန်တွေရယ် ကုန်တာမြန်လိုက်တာ။ မင်းဉာဏ်သာတစ်ယောက် နွေရာသီ ကျောင်းပိတ်ရက်ပင် ရောက်လာခဲ့လေပြီ။

စိတ်တွေက ဝေလေလေ၊ ဒီအစ်မကြီးနှင့် ခွဲရမည့် အရေးက သူ့ရင်ထဲ အောင့်သက်သက်။ အိမ်ပြန်ရောက်သည့်နှင့် ချိုသဲငယ် နှင့် လက်ထပ်မည့် ကိစ္စကို အမေက စီစဥ်တော့မည်။ ခက်တာက အစကတည်းက ပြတ်ပြတ်သားသား မလုပ်ခဲ့သည့် သူ့အမှားပင်။

မတက်နိုင်ပေ။ ဆုံးဖြတ်ချက် တစ်ခုကတော့ ခိုင်မာမှ ဖြစ်ပေတော့မည်။ ဒါမှ အကောင်းဆုံး အရာတစ်ခု ဖြစ်လာမည့် မဟုတ်လား။

"မင်ဉာဏ်သာ"

ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ သူမပင်။ စီရံ သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး

"နင် တွေးရခက် စဥ်းစားရခက်နေမယ် ဆိုတာ ငါ နားလည်ပါတယ်"

"ဟင် "

သူမ ထံမှ ကြားလိုက်ရသော စကားကြောင့် သူမကို သူ့ တအံ့တသြကြည့်မိတော့

"မအံ့သြနဲ့ မင်းဉာဏ်သာ၊ နင် အိမ်ကို ငါ့နဲ့ လက်ထပ်ထားတဲ့ ကိစ္စ မပြောထားတာလဲ ငါ သိတယ်၊ ပြီးတော့ နင့်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ မိန်းကလေးရှိမှန်းလဲ ငါ့သိတယ်၊ နင် ဝေခွဲရခက်နေတာကိုလဲ ငါ့ သိတယ်၊ ငါ့ အတွက် နောက်ဆံမတင်းပါနဲ့ ၊ နင် ဆုံးဖြတ်စရာရှိတာသာ ရဲရဲ ဆုံးဖြတ်ပါ၊ ငါ့ လိုက်လျောပေးဖို့ အဆင်သင့်ပါ"

ဉာဏ်သာ သက်မနွေးနွေးကို ရှိုက်ရင်း

"ကျွန်တော် အိမ်ပြန်ချင်တယ်"

သူ့ စကားအဆုံးတွင် သူမ ရင်ထဲနင့်သွားရသော်လည်း အတက်နိုင်ဆုံး အပြုံးမပျက်ပြုံးရင်း

"အင်းပါ နင့် ဆန္ဒ အတိုင်းဖြစ်စေရပါမယ်"

စကားအဆုံးတွင် လှည့်ထွက်သွားသော အစ်မကြီးကို ကြည့်ပြီး သူ့ ရင်ထဲမကောင်းဖြစ်မိတာတော့အမှန်။ ဒါပေမယ့် သူ့ မတက်နိုင်ပေ။ သူ့ ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက် မှန်ဖို့ပင် အဓိကမဟုတ်လား။

"ခင်ဗျား အပေါ် ကျွန်တော် ချစ်ခင်မိတာတော့ အမှန်ပါဗျာ"
                      ☔☔☔

ရင်ခုန်တာအချစ်လားWhere stories live. Discover now