12 U /Z

4K 87 8
                                    


မင်းဉာဏ်သာ တစ်ယောက်ဇနီး နှင့် သမီးကို ပြန်တွေ့သည့် အကြောင်းမိခင်ကို အကြောင်းကြားခဲ့လေသည်။ 
ဒေါ်ခက်ခင်မှာလည်း မြေး နှင့် ချွေးမကို ပြန်တွေ့ပြီ ဟူသော သတင်းစကားကြောင့်  လှည်းကူးသို့ ချိုသဲငယ်နှင့် အတူ ချက်ချင်းလိုက်လာခဲ့လေသည်။

"သမီးရယ် အမေဖြင့် သမီးကို တွေ့ခွင့်ရတာ ဝမ်းသာလိုက်တာ"

ဒေါ်ခက်ခင်မှာ ရင့်ကျက်ပြီး တည်ငြိမ်လွန်းသော ချွေးမကိုကြည့်ပြီး ပီတိတွေ ဖြစ်နေရလေသည်။ ဒီလိုမိန်းကလေးကို ချွေးမ တော်ခွင့်ရသည့် သူမက  အတော်ကို ကံကောင်းသလိုပင် ခံစားရလေသည်။

"ဒါ အမေမြေးလေးလား၊ ဖြူဖြူဥဥလေးနဲ့ သားနဲ့တူလိုက်တာ ၊ ဘွားဘွားမြေးလေး  ရွတ်"

ရွှေလေး ပါးပြင်လေးကို အားရပါးရ နမ်းရှိုက်ရင်း စကားတွေဆိုနေသော မိခင်ကို  ဉာဏ်သာ ပြုံး၍သာ ကြည့်နေမိလေသည်။

"မေမေခက်ကလေ သူ့ မြေးနဲ့ ချွေးမကို တွေ့ရမယ်ဆိုတာနဲ့ ခံစားနေရတဲ့ ရောဂါတောင် တစ်ဝက်သက်သာသွားသလား မှတ်ရတယ်"

ချိုသဲငယ် စကားကြောင့် ရင်ခွင်ထဲက မြေးဖြစ်သူကို ချစ်မဝသော မျက်ဝန်းတြွေဖင့် ကြည့်ပြီး

"ရောဂါက တစ်ဝက်မဟုတ်ဘူး သိလား၊ မေမေခက်ရောဂါက အရှင်းပျောက်သွားသလို၊ သားကို မိသားစု စုံစုံလင်လင်နဲ့ တွေ့ရတာ မေမေခက်သိပ်ဝမ်းသာတာပဲ၊ အမေ ချွေးမကိုလည်း ကျေးဇူးတင်ပါတယ်၊ သား နဲ့ တူတဲ့ မြေးလေးမွေးပေးလို့လေ၊ တစ်ဆက်တည်း မေမေ ပြောချင်တာက ရန်ကုန်ပြန်ရင် သမီးနဲ့ သမီးကို တစ်ခါတည်း လိုက်ခဲ့စေချင်တယ်"

"အဲ့ အဲ့ဒါကလေ"

စီရံ သူ့နှင့် သူ့ မိခင်ကို တစ်လှည့်စီကြည့်ကာ မျက်လွှာလေးချလိုက်ပြီး

"အထိုင်ကျပြီးသား နေရာတစ်နေရာကို ကျွန်မ စွန့်လွှတ်ဖို့ ခက်ခဲနေသေးတယ်၊ ပြီးတော့ မင်းဉာဏ်သာနဲ့ ကျွန်မ အဆင်ပြေဖို့ ဆိုတာက ကျွန်မ  နဲ့ သူ့ကြားမှာ ညှိုနှိုင်းစရာလေးတွေ ရှိဉီးမယ်လို့ မြင်ပါတယ်၊ အဲ့ဒါကလည်း ပထမ တစ်ကြိမ်ကလို အမှားမျိုး ထပ်မမှားချင်တာလဲ ပါ ပါတယ်"

ရင်ခုန်တာအချစ်လားWhere stories live. Discover now