7 U/Z

2.2K 61 0
                                    

"စီရံ အဆင်ပြေရဲ့လား"

အစ်မ ဖြစ်သူ၏ အမေးကြောင့် စီရံ မျက်ခုံးကို ပင့်ရင်း

"ဘာကိုလဲ အစ်မ"

"ဘာရမှာလဲ နင်နဲ့ ဆရာလေးလေ"

"အဟွန့်"

စီရံ နှုတ်ခမ်းပါးလေးကို တွန့်ရုံ ပြုံးလိုက်ပြီး

"အဆင်ပြေတယ်ရယ်လည်း မဟုတ်ပါဘူး မမရယ်၊ စီရံအတွက်တော့ စီရံ ရွေးချယ်ပြီးသားလမ်းမို့ ပြင်လို့မှ မရတော့တာ အဟွန့်"

"အေးပါ ညည်း အဆင်ပြေရင် ပြီးတာပဲ၊ ညည်း ရွေးခဲ့ပြီးသားလမ်းပဲ၊ ကောင်းရင်စံ ၊ မကောင်းရင် ခံပဲ၊ အစ်မ အနေနဲ့တော့ ကိုယ့် ညီမကို ဆင်စီးပြီး မြင်းရံနေတာပဲ မြင်ချင်တယ်၊ ဆင်နင်းပြီး မြင်းကန်သွားတဲ့ အဖြစ်ကို အစ်မတော့ မမြင်ချင်ဘူး ငါ့ ညီမ"

"စီရံ နားလည်ပါတယ် မမ"

မိဘတွေ မရှိတော့သည့် အချိန်မှ စ၍ စောချစ်အနေဖြင့် ညီမလေး အပေါ်တွင် သမီးလို တစ်မျိုး ညီမလိုတစ်မျိုး ချစ်ခဲ့ရသည့်မို့ ညီမလေးဘဝ အေးချမ်းမည့် အဖြစ်ကိုပင် သူမ မြင်ချင်မိလေသည်။

သူမ ချစ်ရပါသော ညီမလေး သောကများပြီး ဗျာပါဒရတက်ပွေမည့် အဖြစ်မျိုးကိုတော့ သူမ မမြင်ချင်သည့်မှာ အမှန်ပင်။
                   ☔☔☔

စီရံ တစ်ယောက် ရပ်ကွက်ထဲ အကြွေးသိပ်ရန် ထွက်လာခဲ့လေသည်။

"စီရံ"

နောက်ပါးမှ ခေါ်သံကြောင့် သူမ လှည့်ကြည့်မိတော့ အဖိုးကြီးဦးသာဒွန်းပင်။

"အော် ဦးသာဒွန်း"

"အဟဲ စီရံလေး နေကောင်းတယ်နော်"

မျက်နှာပိုး မသပ် ။ လူကိုတွေ့သည့်နှင့် စပ်ဖြီးဖြီးလုပ်တတ်သော ထို အဖိုးကြီးကတော့လေ။ ဟင်း ပြောလိုက်ရရင်တော့ တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ရဲ ဖြစ်ပေတော့မည်။  ထိုကြောင့် ဒေါသစိတ်ကို မြို့သိပ့်ကာ အတက်နိုင်ဆုံး ပြုံးပြရင်း

"ဟုတ်ကဲ့ ကောင်းပါတယ် ဦးသာဒွန်း"

"ဟိုလေ ကိုကြီးက စီရံလေးမှ အဆင်ပြေပါမလားလို့ စိတ်ပူနေတာ၊ စီရံလေး အဆင်မပြေရင် ကိုကြီးဆီလာခဲ့နော်၊ ကိုကြီး အိမ်က စီရံလေး အတွက်ဆို အမြဲ တံခါးဖွင့်ထားတယ်"

ရင်ခုန်တာအချစ်လားWo Geschichten leben. Entdecke jetzt