မိမိသည်ဆိုဖာပေါ်ထိုင်ရင်းရေရွတ်နေကာသဘောတူစာချုပ်အားဖတ်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

မိမိတင်ပါးအားခုံပေါ်ချလိုက်ရုံရှိသေးစဉ်တွင် မိမိသည်ညာဘက်ဆီမှမိမိထံတည့်တည့်ဦးတည်လာသောလူသတ်သမားတစ်ဦး၏အော်ရာအားခံစားလိုက်ရသည်။မိမိတစ်ကိုယ်လုံးမှာသတိကပ်သွားပြီးလားရာဆီလှည့်ကြည့်လိုက်သည်။စုယန်သည်မိမိအားရက်စက်စွာစိုက်ကြည့်နေသည်မှာ မိမိကိုယ်ကိုကြက်သွန်မြိတ်ကဲ့သို့ပင်ခံစားလိုက်ရသည်။

  "ဘာ…အဲ့အကြည့်ကဘာလဲ"

အကြောင်းအရင်းမရှိဘဲနဲ့ ဘာလို့ငါ့ကိုရက်စက်တော့မယ့်အတိုင်းကြည့်နေရတာလဲဟ။

  "မင်းကငါ့ခုံပေါ်ထိုင်နေတာလေ"
 
  စုယန်သာထိုအရာကိုမဆုတ်မနစ်ဖြစ်ပြမနေပါက မိမိသည်သူဟာသလုပ်နေသည်ဟုပင်ထင်ရလိမ့်မည်။ခုံတွေကြားတောင်သူကဘယ်လိုခွဲခြားနေရတာလဲ။

  "ရှင့်ရဲ့ခုံပေါ့လေ။ဒီပေါ်မှာရှင့်နာမည်ကပ်ထားလို့လား"

စုယန်သည်မိမိနောက်ဆီညွှန်ပြလိုက်သည်။

  "ငါအဲ့မှာကပ်ထားတယ်"

  မိမိသည်လှည့်ကြည့်လိုက်သည်။ထိုပေါ်တွင်စုယန်ဟူသောကပ်ခွာမှတ်စုလေးအမှန်ကပ်ထားလေသည်။

  "ကောင်းပြီလေ။ရှင်မှကျွန်မကိုမပြောပဲနဲ့…ကျွန်မကဘယ်လိုသိမှာလဲ"

  မိမိသည်ထလိုက်ပြီးအခြားခုံဆီသွားလိုက်သည်။

  "ဒီခုံကရှင့်ဟာမဟုတ်ဘူးမလား မှန်လား"

  "အဲ့ဒါကမင်းခုံ"

  စုယန်သည်သင့်လျော်သောအသံအနေအထားဖြင့်ပြောလာသည်။

"ဒီကပစ္စည်းအမျိုးအစားတွေနဲ့ပတ်သက်ပြီးစာချုပ်ထဲပြောထားတယ်။ဖြစ်ပျက်တဲ့ပေါ်မူတည်ပြီး မင်းစာချုပ်ကိုအလွတ်ကျက်ထားသင့်တယ်"

  "မေ့လိုက်တော့။ဒါကရုံးဝန်ထမ်းစာမေးပွဲမှမဟုတ်တာ။ကျွန်မကဘာလို့အလွတ်ကျက်သင့်တာလဲ။ဒါကအိမ်လားငရဲလား…"

  မိမိသည် ခေတ်သစ်မမျှတတဲ့စာချုပ်ဗားရှင်းကိုဖတ်ရန် ခုံပေါ်ထိုင်ရင်းစောဒကတက်လိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now