Lovely little Wifey Part-18(final)

Start from the beginning
                                    

    "ဟုတ်သားနော် အ့လဲ ဟဲဟဲ"

    "ဘယ်လိုလဲ ခုပျော်ရဲ့လား ၁၀တန်းပြီးကတည်းက လက်ထက်ချင်နေတဲ့ မရီး"

    "ပျော်တာပေါ့ဟ နင်ကလဲ ရင်လဲတုန်တယ်"

    "ဒါမျိုးကတော့ ဖြစ်ရမှာပဲလေ ကိုယ့်ရဲ့ ပွဲပဲကို"

    "အမယ် မသိရင် သူကပဲ လက်ထက်ဖူးသလိုပဲ ပြောစမ်း ပြောစမ်း မီသာ နင်ရော ရနေပီမလား"

    "ဟာ နင်ကလဲ နောက်မှပြောပြမယ်"

    "အမလေး သူကရှက်နေရတယ်လို့"

    "သိပါဘူး သွား"

    "အဟားဟား"

    "ငယ်ငယ်!"

    "အာ...မင်းမင်း လာလေ"

    "ဘာလဲ လမင်းမောင် နင်က ငယ်သွေးကို လာရှိုးတာလား ပြောစမ်း"

    "အာ...နန်းဝသုန်တို့က စပီ ဒီတိုင်း သူ့ကို အားပေးစကား လာပြောတာ"

    "ဟင် ဘာလို့ အားပေးစကား ပြောမှာလဲ"

    "ညအတွက် အားပေးမလို့"

    "ဟွန့် နင်နော် လူကြည့်တော့ မောင်လူအေးလေးလိုလိုနဲ့ မပြောလိုက်ချင်ဘူး"

    "အဟားဟား ငါက နင် စိတ်လှုပ်ရှားနေတာ ပျောက်အောင် စပေးတာကို ခုဆို ဦးခန့်မင်းထည် အပျော်တွေလွန်ပြီး အကုန်လိုက်ကြွားနေတာတဲ့"

    "နင်က ဘယ်လိုသိလဲ"

    ""မ" ပြောပြတာ ဟဲဟဲ"

    "နင်ကလဲ အမြဲတမ်း တစ်"မ"တည်း"မ"နေတာပဲ""

    "ဒါ အချစ်ရဲ့ စွမ်းအား"

    "အော့ အမလေး ပြောပါအုံး နင်နဲ့ အန်တီမြူနှင်းခက်နဲ့က ဘယ်လိုက ဘယ်လိုဖြစ်သွားလဲ"

    "သိတော့ ဘာလုပ်မှာလဲ"

    "သိချင်လို့ပေါ့ဟ ပြော-"

    "ငယ်ငယ်! ပြင်တော့ ပွဲစပီ"

    "ဟုတ် တီတီ နင် ကံကောင်းသွားတယ်နော်"

    "သွားမှာ သွားပါ"

    ညာဘက် ဧည့်များနှင့် ဘယ်ဘက် ဧည့်သည်များရဲ့ ကြားမှာ ခင်းထားတဲ့ ကောဇောအနီတစ်လျှောက် ဟိုးအဆုံးမှာ ရှိနေတဲ့ တံခါးရီး နှစ်ချက် ပွင့်လာပီး ပေါ်ထွက်လာတဲ့ လှပလွန်းတဲ့ ဂါဝန်အဖြူလေးကို ဝတ်ဆင်ကာ နှင်းဆီအနီ အပွင့်၂၀လောက်ကို စည်းထားတဲ့ ပန်းစည်းကို ကိုင်ကာ တစ်လှမ်းချင်း လျှောက်လာနေသည့် လှပစွာ ပြုံးနေသည့် ငယ့်ဆီသို့ မျက်လုံးများစွာ အာရုံရောက်နေသည်။

You've reached the end of published parts.

⏰ Last updated: Mar 25, 2023 ⏰

Add this story to your Library to get notified about new parts!

Lovely little Wifey !!🔞 warning 🔞!!Where stories live. Discover now