Lovely little Wifey Part-11🔞🔞

31.6K 200 4
                                    

လမင်းမောင်...အတန်းထဲက နောက်ဆုံးခုံမှာ အမြဲ တစ်ယောက်တည်း ငြိမ်နေတတ်တဲ့ကောင်လေး။သူငယ်ချင်းလဲ မရှိသလို ဘသူ့ကိုမှ ဂရုမစိုက်တဲ့သူပါ။သူ့ရဲ့ အမေက ကျောင်းပိုင်ဆရာမကြီး တစ်နည်းပြောရရင် ကျောင်းအုပ်ပေါ့ အဖေက သ‌ေင်္ဘာသား တော်တော်ချမ်းသာတယ်ဆိုတာ သိသာပါတယ်။မင်းမင်းက တစ်ဦးတည်းသောသား ဆိုတော့ အလိုလိုက်ခံရတာပေါ့။

အတန်းထဲမှာ အမြဲ အကြည့်ချင်းဆုံမိပါတယ်။ဝသုန်နဲ့ မီသာတို့က သူတို့သူငယ်ချင်းအုပ်စုတွေနဲ့ ထွက်သွားရင် ငယ် တစ်ယောက်တည်းကျန်ခဲ့တာကို။အ့တော့ စာကြည့်ရင်း ပျင်းတဲ့အခါဆို ပြတင်းပေါက်လှမ်းကြည့်မိတဲ့ချိန် မင်းမင်းနဲ့ အမြဲအကြည့်ချင်းဆုံဖြစ်တယ်။ဒါမယ့် သူလဲ ကိုယ့်ကို စကားလာ‌မပြောဘူး။ကိုယ်လဲ သူ့ကို သွားမပြောဖူးဘူး။

ဟုတ်ပါတယ်။ဒီလို အနေအေးတဲ့သူနှစ်ယောက်က ခနလေးဆုံမိရုံနဲ့ ခင်မိတယ်ဆိုတာ ဆန်းကြယ်လွန်းပါတယ်။တစ်ယောက်နဲ့ တစ်ယောက် သတိမထားမိခင်လေးမှာပဲ သူငယ်ချင်းသံယောဇဉ်တွယ်မိသွားတယ်ထင်တယ်။

ငယ်နဲ့ မင်းမင်းတို့ မားကပ်ထဲမှာ ရေခဲမုန့်ပတ်ရှာရင်း စကားတွေ ပြောဖြစ်ကြသည်။

"ငယ်သွေးကရော ဘသူနဲ့ လာတာလဲ"

"ဦးလေးနဲ့"

"အွန်း ကျောင်းဖွင့်ရက်အရောက် ပြန်မာမလ့"

"ဟုတ်တယ် ဒါနဲ့ နင်ဘယ်မာတည်းတာလဲ"

"ဒယ်ဒီဝယ်ထားတဲ့အိမ် ရှိတယ်"

"အော်...အဖေ အမေရှိတာ ကောင်းသားနော်"

"ရေခဲမုန့်ဝယ်ပီး ဘာဝယ်အုံးမာလဲ"

"ဝယ်တော့ဘူး ရေခဲမုန့်တစ်ခုပဲ"

မင်းမင်းကသိလို့ ထင်တယ် စကားလမ်းကြောင်းလွှဲလိုက်တယ်လေ။အ့တွေကြောင့် မင်းမင်းကို ခင်တွယ်မိတယ် ထင်ပါရဲ့။နှစ်သိမ့်‌တာတွေ ကို ငယ်ငယ်မကြိုက်ပါဘူး။ဝသုန်တို့ နှစ်သိမ့်ပေးတဲ့အချိန်ဆို သူတို့ဆီကရှောင်ထွက်မိတယ်လေ။

ရေခဲမုန့်ဝယ်ပီးတော့ မင်းမင်းနဲ့ အတူတူပဲ ပြန်ထွက်လာတယ်။ငယ်ထွက်လာတဲ့ထိ ဦးက ဖုန်းပြောလို့ မပီးသေးဘူး။ကားနားလေး ရောက်တော့ ‌ကျောပေးထားတဲ့ ဦးကို ငယ်လှမ်းခေါ်လိုက်တယ်။

Lovely little Wifey !!🔞 warning 🔞!!Where stories live. Discover now