"ကလင် ကလင် ကလင်..." မနက်ခင်းနှိုးစက်သံနဲ့ အိပ်ရာထဲမှ ပင်ပန်းစွာ ထလာခဲ့တဲ့ သူမ...
ညက အတွေးလွန်သွားလို့ ထင်ပါရဲ့ ကြည့်လိုက်တော့ ၈နာရီ ထိုးပီ... မနက်မျက်လုံးတေ လေးနေတယ်...မထချင်ဘူး.....ဒါပေမယ့်လဲ ထရမယ်လေ နေ့တစ်နေ့ကို စိတ်ပန်းစွာနဲ့ ဖြတ်သန်းရအုံးမယ် မလား....
ကျမနာမည်က ငယ်သွေးသျှန် ပါ။ကျမ အသက် ၃နှစ်မှာ မိဘတွေ အက်စီးဒင့်ကြောင့် ဆုံးပါးခဲ့တယ်။ကျမကတော့ ကံကောင်းတယ် ပြောရမလား..ကံဆိုးလို့ပဲလား မသိ ကျမပဲ အသက်ရှင် ကျန်ရစ် ခဲ့တယ်...။ငယ်သေးတဲ့အတွက် မေမေ့အမ တီတီသန့် ကပဲ ခေါ်ထားပီး စောင့်ရှောက်ပေးခဲ့တာပေါ့...။၁၃နှစ်.. အရွယ်ရောက်တော့ တီတီလဲ သူ့မိသားစုလေးနဲ့သူ နေချင်တော့ ဖေဖေအမွေချန်ခဲ့တဲ့ ဒီကွန်ဒိုမှာပဲ တစ်ယောက်တည်း နေရစ်ခဲ့လိုက်တယ်...။သူများမိသားစုထဲမှာ အပိုလူမဖြစ်ချင်ဘူးလေ...
ခုက ၁၀တန်း ကျောင်းတက်နေတာပေါ့...တီတီက အန်တီကြီး(ကြီးမြ) တစ်ယောက် ကျမဆီ လွှတ်ပေးထားပါတယ်...ဂရုစိုက်ပေးဖို့ ဟင်းချက်ပေးဖို့တဲ့...စိတ်မချလို့ ထင်ပါရဲ့..."ကြီးမြ သွားတော့မယ်နော်..ညနေ၅ခွဲလောက်မှ ပြန်ရောက်မယ် သိလား...ဝသုန်တို့နဲ့ သွားစရာရှိသေးလို့.."
ကျောင်းbus လာနေလောက်ပီမို့ ထမင်းစားခန်းထဲ မဝင်ဘဲ ကြီးမြကိုအော်ရင်း ထွက်လာခဲ့ရသည်...။
"အေးအေး...မနက်စာ မစားပြန်ဘူးလား ဒီမှာ ငယ်ငယ် ကြိုက်တဲ့ ပေါင်မုန့်နဲ့ နွားနို့ပူပူလေး လုပ်ပေး ထားတယ်လေ..."
မီးဖိုခန်းမှ ကြီးမြ ငယ်ငယ် အသံကြား၍ လှမ်းပြောသည်...။ငယ်ငယ် ကြားပေမယ့် ညက အတွေးတွေကြောင့် မစားချင်တာမို့ မကြားချင်ယောင်ဆောင်ကာ အပြေးလေး ထွက်လာခဲ့သည်...။ခါတိုင်းနေ့တွေလို စိတ်မပါပဲ မျက်နှာတွင် အပြုံးတပ်ထားရကာ နေ့တစ်နေ့ ဖြတ်သန်းရတော့မယ်...။ငယ်ငယ် ဘဝထဲကို လူတစ်ယောက် ရောက်မလာခင် အချိန်ထိပေါ့...။
ညက သောက်တာများ၍ အရှိန်မပြေသေးဘဲ ခေါင်းတွေ ကိုက်နေတယ်...နာရီကြည့်မိတော့ ၈နာရီ... ထမှပဲ... ၉နာရီမှာ UK က ရှယ်ယာရှင်တွေနဲ့ Meeting ရှ်ိတယ်လေ အိပ်နေရာမှ ထထိုင်ပီး ခါတိုင်း မနက်ခင်းတွေလို ဘေးက ခုံမှာ တင်ထားတဲ့ ဓာတ်ပုံလေးကို တစ်ချက် အနမ်းပေးကာ
YOU ARE READING
Lovely little Wifey !!🔞 warning 🔞!!
Teen FictionDaddy type မို့ roလဲ ro ကြမ်းလဲကြမ်းပါမယ်နော် 🌚🔞 warning 18+မို့ 18အထက်တွေ ဖတ်ပေးနော်.. ...Author/Writer by ivy🐻❄️...