Lovely little Wifey Part-16

10K 124 2
                                    

ငယ့်နာမည်ကို ခေါ်သံနှင့် အတူ လက်ပေါ်က နွေးထွေးမူးကို ခံစားလိုက်ရသည်။မျက်လုံးဖွင့်ကြည့်လိုက်တော့ ဦး...

ဦးကို ချက်ချင်း ထဖက်လိုက်ချင်ပေမယ့်လဲ ခေါင်းထဲက ရီဝေပီး ကိုက်ခဲနေတာကြောင့် ငယ် မထနိုင်ခဲ့။ဦး သိနေတယ် ထင်သည်။ငယ့်ကို ပွေ့ချီကာ အခန်းထဲ ခေါ်သွားပေးသည်။

မွေ့ရာပေါ်မှာ အိပ်ပျော်နေသည့် ငယ့်ရဲ့ နဖူးပြင်ကို တစ်ချက်နမ်းကာ စောင်ခြုံပေးပီး ဦး ထွက်သွားသည်။ခနကြာတော့ ငယ်နိူးလာသည်။ခေါင်းထဲမှာတော့ ရီဝေဝေပင်။နာရီကြည့်လိက်တော့ မနက်3နာရီ ရှိပီ။

"ဦး..."

"ဟင် ငယ် အိပ်မပျော်လို့လား ခေါင်းကိုက်နေသေးလား"

ငယ်က အခန်းတံခါးနားမှ ခေါင်းယမ်းပြရင်း အခန်းထဲသို့ ဝင်လာခဲ့သည်။

"ခုထိ အလုပ်မပီးသေးတာလား"

အလုပ်ထိုင်ခုံမှာ ထိုင်နေတဲ့ ဦးရဲ့ ပေါင်ပေါ်မှာ ဦးနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်ပီး ပုခုံးပေါ်ကို ငယ်ရဲ့ မေးလေးတင်ကာ မေးလိုက်သည်။ဦးကလဲ ငယ့်ကို ပြန်ဖက်ထားပီး

"အွန်း ခနနေပီးပီ "

"ငယ်နဲ့ စကားပြောဖို့ အားလား"

"ကဲ ပြော ဘာပြောချင်လဲ"

"ဦး ငယ့်ကို ဖုံးကွယ်ထားတာ ရှိလား"

ထိုမေးခွန်းကြောင့် ဦးအနည်းငယ် တုန်လှုပ်သွားသည်။

"ဘာလို့လဲ ငယ်"

"ငယ် မေးတာကို ဖြေပါ...မေးခွန်းတွေ ပြန်မမေးနဲ့"

ငယ့်ရဲ့ အသံအနေအထားတွင် ဒေါသများပါလာသည်ကို ဦးသတိမိပါသည်။

"ငယ် မနက်ကျောင်းရှိတယ်မလား သွားအိပ်တော့ မနက်ခေါင်းမူးနေမယ်"

"ဦး စကားလမ်းကြောင်း မလွှဲနဲ့ ငယ် မေးတာကို ဖြေ"

"ငယ်က ဘာကို ဖြေစေချင်တာလဲကွာ"

"ဘာလဲ မေးတာကို မဖြေချင်တာလား မဖြေနိုင်တာလား"

"ငယ် ဘာဖြစ်နေလဲ အဲ့လောက်ထိ မသိချင်ပါနဲ့ကွာ"

ပေါင်ပေါ်ထိုင်နေရာက ငယ် ချက်ချင်း ထရပ်လိုက်ကာ

"ဪ...မသိချင်ပါနဲ့တဲ့လား..ငယ်လဲ အ့လောက် ဦးခန့်မင်းထည်ရဲ့ ‌အကြောင်းတွေ မသိချင်ပါနဲ့ ငယ်နဲ့ ပတ်သက်နေတဲ့ ကိစ္စမို့ သိချင်တာ"

Lovely little Wifey !!🔞 warning 🔞!!Where stories live. Discover now