Lovely little Wifey PART-3

21.5K 314 7
                                    

      ငယ်ငယ်ကို ဆေးရုံကနေ ကွန်ဒိုထိ ပြန်လိုက်ပို့ပေးလိုက်တယ်…

"နေအုံး ခန"

"ဘာပြောအုံးမှာလဲ"

ကားပေါ်က ဆင်းပီးတဲ့ ငယ်ငယ့်ကို ခန့်မင်းထည် တစ်ယောက် လှမ်းခေါ်လိုက်တာမို့…

"မင်း နာမည် မပြောရသေးဘူးလေ"

ဟုတ်တာပဲ…တစ်လမ်းလုံး ငယ်ငယ် ထိုလူရီးကို စကားမပြောခဲ့ဘူးကို…

"နာမည် သိတော့ ဦးက ဘာလုပ်မှာလဲ"

"မင်းက ဘာလုပ်စေချင်လဲ…ပြောကြည့်ကြည့်လေ"

"…ငယ်သွေးသျှန်"

ငယ်ငယ် မျက်စောင်းလေးတစ်ချက်ထိုးတာ ဘောက်စက်စက်လေး ပြန်ဖြေလိုက်တာမို့ ခန့်မင်းထည် ထိုက‌လေးမလေးကို သဘောကျရပြန်သည်…ကလေးမလေး တိုက်ခန်းထဲ ဝင်သွားတာကို ကြည့်ပီးမှ အိမ်ကို ပြန်လာခဲ့သည်…

"ကြီးမြ…ငယ် ပြန်ရောက်ပီ"

"ငယ်ငယ်ရယ် စိတ်ပူလိုက်ရတာ…ဝသုန်တို့ နှစ်ယောက်လာပြောကတည်းက ဖုန်းဆက်တိုက်ဆက်နေတာကွဲ့"

"ငယ့်ဖုန်းက ချယ်သာယူသွားတဲ့ လွယ်အိတ်ထဲ ပါသွားတာကို…"

"အေးပါကွယ်…ဘယ်နေရာတွေ ထိသွားလဲ…"

"ခြေထောက်နဲ့ လက်ပွန်းရုံလေးပါ…ကြီးမြရဲ့"

"တော်သေးတာပေါ့ကွယ်…ငယ်ငယ့်ရဲ့တီတီသာ သိရင် မလွယ်ဘူးကွယ်…ခြေလက်သန့်စင်ပီးရင် လာစားတော့လေ…ကြီးမြ ညနေစာ အဆင်သင့်လုပ်ထား‌ပေးမယ်နော်"

"ဟုတ်ကဲ့"

ငယ်ငယ် အပြုံးလေးနဲ့ပင် ကြီးမြကို ပြန်ဖြေခဲ့သည်…ကြီးမြ ငယ်ငယ်ကို တော်တော်လေး ဂရုစိုက်ပေးပါတယ်…

အိမ်ပြန်ရောက်တော့ ရေချိုးသန့်စင်ပီး အိပ်ခန်းထဲက အလုပ်စားပွဲမှာပဲ ထိုင်နေလိုက်တယ်…ခေါင်းထဲမှာလဲ ကလေးမလေးရဲ့ နှုတ်ခမ်းလေးစူပီး လူကို မျက်စောင်းထိုးပီး ကြည့်တာလေးက ပြန်မြင်ယောင်နေတယ်…
|ကလေးရယ်…မင်းလွှမ်းမိုးနိုင်လွန်းတယ်|

နောက်နေ့…

"ငယ်သွေး နင်အိမ်ထဲပဲ နေနေတော့မှာလား…"

Lovely little Wifey !!🔞 warning 🔞!!Where stories live. Discover now