Part - 15

1.5K 37 3
                                    

" မနေ့က ဒီကအပြန် ခမ်း ဘယ်သွားသေးလဲ "

" အဆောင်မဟုတ်ဘဲ အိမ်တန်းပြန်သွားတယ်ပြောပါတယ် ။ ဒီနေ့ သူ့ပိတ်ရက်ကြောင့်ထင်တယ် "

" အင်း ငါသိပြီ ။ ဒီနေ့လယ် မီတင်ပြီးရင် ညနေပိုင်းအစီအစဥ်တွေ အကုန်ဖျက်လိုက် "

" ဟုတ်ကဲ့ပါ MD ။ ဒါနဲ့လေ ကျွန်တော်သိချင်တာ ရှိပါတယိ ။ ခမ်းအပေါ် MD ဆက်ဆံပုံက သာမန်ထက် ပိုနေပါတယ် ။ ကျွန်တော်သိထားသလို ညီအကို ဆက်ဆံရေးမဟုတ်ဘဲ အဲ့ထက်ပိုနေသလားလို့ "

" ဟားဟား မင်း မမေးတော့ဘူးလားလို့ ငါတောင် စဥ်းစားနေတာ ။ အင်း မင်းမြင်ပြီး မင်းထင်တဲ့အတိုင်းပဲ ဇေယျ "

" ဗျာ.... တကယ်လား MD "

" မင်းလည်း ကျောင်းတက်တုန်းက Gay ဆိုတာ come out လုပ်ခဲ့တယ်ဆို ။ ဘာလို့ ခုထိ တစ်ယောက်ယောက်နဲ့  မတွဲသေးတာလဲ "

" အဲ့တာ အဲ့လိုလေးတွေ ရှိတယ် MD "

" ဘယ်ဟာက ဘယ်လိုရှိတာလဲ ။ မဟုတ်မှ ခုထိ ဖွင့်မပြောသေးတာလား "

" ပြောတော့ ပြောခဲ့တယ် ။ အဖြေမရသေးတာ ဟီဟီး "

" ဒီမှာ ငါပြောမယ် ။ ခုထိအဖြေမရသေးတာဆို သူနဲ့အတူ ညအိပ်လိုက် ။ ပြီးပြီး "

" ဗျာ..... "

ဇေယျကို မြောက်ပေးရင်း ဦးအောင်ထွကိသွားလေတော့ ကျန်ခဲ့သူမှာ အူကြောင်ကြောင်နှင့်ပင် ။

" ဇေယျ အလုပ်မသွားတော့ဘူးလား "

" ဟုတ်ကဲ့ဗျ ။လာပါပြိ MD "

~~~~~~~~~~~~~~~~~~~~~~~

မနက်စောစော ခမ်း အိမ်ပြန်ရောက်လာပြီး ခြံထဲ ဖွေးနေအောင် ပွင့်နေတဲ့ စံပယ်ပန်းကို ခူးနေပါတော့၏။ ဝုကလည်း ခမ်းနောက် ထက်ကြပ်မကွာ အမြီးနှံ၍ လိုက်လေသည် ။

" ဒီလောက်ဆို ရလောက်ပြီ ဝု ။ သွားရအောင် "

ထို့နောက် ခူးလာတဲ့အဖူးတွေကို ဘုရားကပ်၍ ကိုင်းချိုးလာသည်များကို ပန်းစည်းဖြစ်အောင် စည်းပါတော့၏။

" ဝု ဒါကိုကြည့်စမ်း ။ ကိုကို ပြန်လာရင် ပေးမလို့ လှရဲ့လား "

" ဝုတ်ဝုတ်.... "

" ok ။ ဒါဆို ရေခဲသေတ္တာထဲ သွားထည့်ထားမယ် ။.ကိုကို ပြန်လာရင် အချက်ပြနော် "

ခမ်း ( Khám) Where stories live. Discover now