Part - 5
" မဖြစ်.... မဖြစ်နိုင်ဘူး ။ ပျောက်သွားလို့ မဖြစ်ဘူး "
" ခမ်း.... "
တစ်ယောက်တည်း တိုးတိတ်စွာ ရေရွတ်ရင်း စိုးရိမ်စိတ်တွေ မြင့်သတက် မြင့်တက်လာသည် ။ လိုက်ရှာရန် ထိုအိမ်ရှေ့မှ ပြေးထွက်လာတော့ သူ့မျက်လုံးထဲ ငုံတုတ်ထိုင်နေတဲ့ အရိပ်ကလေး တစ်ခုတွေ့လိုက်ရတော့သည် ။ သူ့ခြေလှမ်းတွေ ရပ်တန့်သွားကာမှ ထိုကလေးဆီ တစ်လှမ်းချင်းလျှောက်သွားတော့သည် ။
သူ့အဖေအိမ်ရဲ့ မျက်စောင်းထိုးမှ သစ်ပင်နားလေးမှာ ထိုင်နေသည့် ခမ်းက ဒူးနှစ်ဖက်ထောက်ကာ အိပ်ပျော်နေသလို ။ ဟန်သာ သူ့ရှေ့နားသွားထိုင်ပြီး ပခုံးတစ်ဖက်ကို လူပ်ကိုင်လိုက်၏။.
" ခမ်း ငိုနေတာလား "
အသံကြောင့် ခေါင်းထောင်လာတဲ့ ခမ်းက ငိုထားသလို မျက်လုံးတွေ မို့အစ်နေပေမဲ့ ဟန်သာကို ခေါင်းယမ်းပြသည် ။ သူ မငိုထားဘူးဆိုတဲ့ သဘော ။
" ဟုတ်ပါပြီ ကွာ "
ဟန်သာလက်တွေ ခမ်းခေါင်းပေါ်ရောက်ခဲ့ပြီး ဆံပင်တွေ ဖွလိုက်၏။ ထို့နောက် သူ့ရှေ့ထိုင်နေရာမှ လှည်လာကာ ကျောပေးထိုင်လိုက်သည် ။
" တက် "
" ဘာလုပ်နေတာလဲ ငါ့ကျောပေါ်တက် "
" ဟင့်အင်း "
" မင်းလုပ်တာနဲ့ မိုးချုပ်တော့မယ်နော် ။ ဒီနေရာက ကားဂိတ်နဲ့ဝေးတယ် ။ ကားလမ်းမပေါ် ရောက်တဲ့ထိ ငါကျောပိုးပေးသွားမယ် "
" ဟုတ် "
ခမ်းရဲ့လက်တွေ ဟန်သာ လည်ပင်းမှာ ဖက်တွယ်လာပြီး ပခုံးပေါ် မေးတင်ကာ ဟန်သာကို ဘေးတစ်ခြမ်းစောင်း ကြည့်ရင်း သူ သဘောကျနေ၏။.
သူတို့တွေ မမြင်ခဲ့သည်က ခြံစည်းရိုးသံထောင်ကို ကိုင်ရင်း ကလေးတစ်ယောက်၏ ဒေါသမျက်ဝန်းတွေကိုပင် ။
" ဝု ဝု.... ဝုတ်... ဝူးးး.....ဝုတ် ဝုတ် "
ခွေးဟောင်သံတွေက ခမ်းကို ခေါင်းထောင်စေ၏။ ဟန်သာ ကျောပေါ်ကနေ ခေါင်းကို ဘယ်လှည့် ညာလှည့် လုပ်နေခဲ့ပြီး အသံကြားရာ လျှောက်ရှာတော့သည် ။
YOU ARE READING
ခမ်း ( Khám)
Romanceကျွန်တော့်မှာ ရှိခဲ့တာဆိုလို့ ခင်ဗျားမရှိတဲ့ နေ့ရက်တွေချည်းပါပဲ