Part - 10

1.6K 72 5
                                    

ဟန်သာ ဟိုတယ်သို့ ရောက်လာတိုင်း ခမ်းဘေးနား ဧည့်သည် ကောင်မလေးတွေနှင့် ဝန်ထမ်းကောင်မလေးတွေ အနားကပ်နေသည်နှငိ့ တိုးသည် ။ အိမ်ပြန်ချိန်တိုင်းလည်း သရဖီဆိုသညိ့ကောင်မလေးနှင့် ပြန်လိုက် ဒေးဗစ်က လာခေါ်သွားလိုက်နှင့်မို့ ဟန်သာ လုံးဝကြည့်မရဖြစိနေခဲ့၏။

နောက်တစ်နေ့ မနက်ရောက်မှသာ ခမ်းကို သူ့ရုံးခန်းထဲ ခေါ်တော့သည် ။ ခမ်းရောက်လာလေတော့ မနက်တိုငိး အစီရင်ခံစာ လာတင်တဲ့ ဟိုတယ်မန်နေဂျာကို ပြန်လွှတ်သည် ။

သူ့ရှေ့ရောက်လာတဲ့ ခမ်း၏မျက်လုံးပြာတွေကို စူးစိုက်ကြည့်ပြီး စက္ကူလက်ဆွဲအိတ်တစ်လုံးကို ထုတ်ပေးလိုက်၏။

" ဒါက ဘာလဲ MD "

ခမ်းက မယူဘဲ MD လို့ နာမည်တပ်ပြီး ပြန်မေးလာတော့ ဟန်သာ ထိုင်နေရာမှ ထရပ်၍ စက္ကူလက်ဆွဲအိတ်ထဲမှ ဘူးတစ်ဘူးထုတ်ယူလိုက်သည် ။

ဘူးကိုထုတ်လိုက်သည်နှင့် မျက်ကပ်မှန် မှန်း ခမ်းသိလိုက်ရပြီး ဘူးကိုဖွငိ့နေသည့် ဟန်သာကို  ပြန်လည် စိုက်ကြည့်လိုက်ရင်း

" အခု ဘာအတွက် ဘာလုပ်နေတာလဲ MD "

ခမ်းရဲ့ မေးခွန်းကို ဟန်သာ ပြန်မဖြေလာခဲ့ပဲ စားပွဲနားရပ်နေသည့် ခမ်းရှေ့တညိ့တညိ့သို့ လှမ်းလာကာ လက်တစ်ဖက်မှလည်း မျက်ကပ်မှန် တစ်ဖက်ကို ကိုင်ထားသေး၏။ ဟန်သာ၏ ပုံစံမှာ မျက်ကပ်မှန်ကို သူကိုယ်တိုင် တပ်ပေးမည့် သဘောပင် ။

" ဒီနေ့ကစပြီး duty ဝင်တိုင်း မျက်ကပ်မှန် တပ်ရမယ် ခမ်း "

မျက်နှာနားကပ်လာသည့် ဟန်သာလက်တွေကို ခမ်းလက်တစ်ဖက်နှင့် ဆွဲကိုင်လိုက်စဥ် နှစ်ဦးသား အကြည့်ချင်းဆုံသွားလေတော့သည် ။ တည်ငြိမ်စွာ စူးစိုက်ကြည့်နေတဲ့ ခမ်းမျက်လုံးပြာတွေကို ဆက်မကြည့်နိုင်တော့တဲ့ ဟန်သာကပဲ အလျော့ပေးလိုက်ရကာ အကြည့်တွေလွှဲ လက်တွေရုန်းထွက်ပြီးမှ အခြားတစ်ဖက်သို့ လှည့်သွားတော့သည် ။ ဒါတောင် သူ့နောက်ကျောတွေကို ခမ်းစိုက်ကြည့်နေသလို ခံစားရမိနေတုန်း ။

ဘူးအဖုံးတွေပိတ် လက်ဆွဲအိတ်ထဲ ပြန်ထည့်ပြီး ခမ်းကိုလှည့်မကြည့်ဘဲ ပေးလိုက်၏။ ခမ်း ထိုအိတ်ကိုယူပြီးမှ သွားတော့ဟု ပြောလိုက်ရာ တံခါးပိတ်သံကြားမှသာ သူ့ထိုင်ခုံ၌ ပြန်ထိုင်လိုက်ရင်း မျက်လုံးပေါ် လက်တငိ၍ သက်ပြင်းသဲ့သဲ့ချလိုက်ရ၏။

ခမ်း ( Khám) Where stories live. Discover now