Part - 2

1.9K 84 1
                                    

" မိုးပဲ ချုပ်နေပြီ ဘယ်ကိုခြေလှမ်းပြင်နေတာလဲ ဟန်သာ "

" အ့ .....ကျစ် "

နောက်က ရုတ်တရက် ကြားလိုက်ရတဲ့ အမေဖြစ်သူအသံကြောင့် ဟန်သွားဟန်ရှိသည့် ဟန့်သာက ခေါက်ဖုန်းကို အလျင်အမြန် ပိတ်ချလိုက်၏။

" ဘာတွေ ခိုးကြောင်ခိုးဝှက်လုပ်နေလို့ ဖုန်းကို အသည်းသန် ချပစ်တာလဲ "

" ဟာ အမေက ဗျာ ။ ကျုပ်ကိုတွေ့တိုငိး အပြစ်ရှာနေတာ မမောဘူးလား ။ ပြီးတော့ 16 နှစ်လည်း မဟုတ်တော့ဘူး ။ တက္ကသိုလ်ကတောင် ဘွဲ့ရတော့မယ်ဗျ ။ အဲ့လောက် လိုက်ချုပ်ချယ်မနေနဲ့ "

" ဟဲ့အကောင် နင်ဘာနင် ဘွဲ့ပဲရရ ဘွက်ပဲရရ ။ နင် ငါ့သား ငါပြောသလိုပဲလုပ် ။ ဒီည ဘယ်အပြင်မှ မသွားရဘူး ။ ဧည့်သည်တွေနဲ့ ထမင်းလက်စုံစားမယ် ။ လာ လိုက်ခဲ့ "

" ဟာ.....ကျုပ်သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်ဗျ ။ နောက်နေ့မှ စားပေးလို့ မရဘူးလား "

" အေး နင့်အမေထက် သူငယ်ချင်းတွေနဲ့ နင့်အဖေကပဲ အရေးကြီးတယ်မလား ။သွား သွား ပြန်မလာနဲ့ "

" ဒေါ်ခင်သန်းတို့ကတော့ မဟုတ်တာကို ကောက်ပြန်ပြီ "

ဖုန်းကို ခါးကြားထိုးထည့်လိုက်တဲ့ ဟန်သာက သူ့အမေပခုံးကို ဖက်ကာ ဗျစ်တောက် ဖျစ်တောက် ပြောဆို၍ ထမင်းစားခန်းထဲသို့ လိုက်လာခဲ့သည် ။

" ထမင်းစားပြီးရင်တော့ ကျုပ်သွားမှ ရမယ် ။ သူငယ်ချင်းတွေနဲ့ ချိန်းထားသေးတယ် "

" နင့်ကို ဒီည အပြင်မထွက်ရဘူးလို့ပြောတယ်လေ "

" အဲ့လိုမလုပ်စမ်းပါနဲ့ ဒေါ်ခင်သန်းရာ ။ အမေပဲ ကတိမတည်တာ မကြိုက်ဘူးဆို ။ ကျုပ်က ဒီညလာမယ်လို့ ကတိပေးပြီးပြီဗျ "

ဒေါက်

" မဟုတ်တာကို ကတိတည် "

" အား.....နာတယ်နော် ။ ကျုပ်ကို ဘာလို့ခေါက်ရပြန်တာလဲ ။ အမေမွေးထားတာ သားနုနုထွဋ်ထွဋ်လေးနော် ။ တစိချိန်လုံး လက်ကပါတယ် "

သားဖြစ်သူအပြောကြောင့် ဒေါ်ခင်သန်း မသိမသာရယ်မိသည် ။ ဟန်သာ လူမှန်းသိတက်ခါစအရွယ် အဖေနဲ့ အမေ ဘယ်သူနဲ့ နေမလဲလို့ ရွေးခိုင်းတုန်းက အမေနဲ့တဲ့ ။ တစ်သက်လုံး အမေနဲ့ပဲ နေမယ်လို့ ကတိပေးထားတဲ့ကလေးက ခုဆို သူ့ကိုတောင်ထားခဲ့တော့မည် ။ တစ်သက်လုံး အမေနဲ့နေခဲ့ရတော့ ငြီးငွေ့သွားခဲ့သလား ။ အလိုလိုက်ခဲ့ပေမဲ့ လူဆိုးလေး မဖြစ်စေချင်တဲ့ အမေရဲ့ဆူသံတွေက သားကိုစိတ်ရူတ်စေခဲ့လား သူမသိတော့ပါ ။ သူ့မျက်ဝန်းထောင့်က မျက်ရည်တွေကိုတော့ သားတစ်ယောက် မသိအောင် သုတ်ပစ်ခဲ့ပါသည် ။

ခမ်း ( Khám) Where stories live. Discover now