Part - 7
မနက် 2 နာရီ အလုပ်သိမ်းပြီးသွားလို့ Bar မှအပြန် စက်ဘီးကို ထုတ်ရာတွင် ဘီးပေါက်နေကာ နောက်ဘီးက လေလျော့နေ၏။ အလုပ်က ပင်ပန်းကတဲ့ကြားထဲ အဆင်မပြေတာနှင့် ကြုံတော့ ဒေါသထွက်ရ၏။ အလာတုန်းကတောင် အကောင်းကြီးက ခုလိုဖြစ်ရလေတော့ ဘယ်သူမှန်းမသိပေမဲ့ စိတ်ထဲတနုတ်နုတ် ။
" ဘာဖြစ်နေတာလဲ ခမ်း "
Bar ၏အနောက်ဖက်အပြင်သို့ ဆေးလိပ်ထွက်သောက်တဲ့ လုပ်ဖော်ကိုင်ဖက် အကိုတစ်ယောက်က မေးလာလေ၏။
" မြင်တဲ့အတိုင်းပဲ အကိုရေ ။ ဘယ်ကောင် လက်ကမြင်းသွားလဲ စဥ်းစားမရဘူး "
အကိုဖြစ်သူက သူ့အိတ်ကပ်ထဲမှ သော့ကို ခမ်းရှိရာသို့ လှမ်းပစ်ပေးလိုက်၏။
" ငါ့ ဆိုင်ကယ်ယူသွား "
" မယူတော့ဘူးအကို ၊ ကျွန်တော့်က ညမှလာမှာလေ အကိုက မနက်ဘယ်လိုပြန်မလဲ "
" ညပိုင်း အန္တရယ်များတယ်လေကွာ "
" ကျွန်တော်က ရပါတယ် ၊ အဆောင်က သိပ်မဝေးဘူး "
ခမ်းက သော့ကိုလက်ထဲပြန်ထည့်ပေးလိုက်ပြီး စက်ဘီးကိုသာ တွန်းသွားလေတော့ နောက်မှာကျန်ခဲ့တဲ့သူက ခေါင်းမာလိုက်တဲ့ကောင် ဆိူပြီး ရေရွတ်နေခဲ့သည် ။
ဦးထုတ် ခပ်ငိုက်ငိုက်ဆောင်းပြီး ဘာမှမထည့်ထားတဲ့ ကျောပိုးအိတ်ကိုလွယ်လျက် စက်ဘီးကိုတွန်းကာ လျှောက်လာလိုက်၏။ 2 နာရီဆိုသည့်အချိန်က အတော်လည်း ညနက်သလို လမ်းတွင်လူပင်မရှိပေ ။ အဆောင်နဲ့အလုပ်က လမ်းလျှောက်လျှင် 15 min လောက်ပင် ။
လရောင်နှင့် တစ်စွန်းတစ်စမီးရောင်ကြောင့် မှောင်နေပေမဲ့ လမ်းသွားဖို့လုံလောက်နေ၏။ သို့ပေမဲ့ ခါတိုင်း ဒီချိန်ပြန်လျှင် လူပျက်နေသည့်လမ်းက သူနှင့်မနီးမဝေး နေရာ၌ တုတ်တွေအသီးသီးကိုင်ကာ ၄ ယောက် အုပ်စုဖွဲ့ရပ်နေကြသည်ကို မြင်လိုက်ရသည် ။ သူ့ကိုမြင်သည်နှင့် ထို၄ ယောက် သူ့ထံလျှောက်လာလေတော့သည် ။
" ဘာလဲ မင်းတို့တွေ "
" ဘာဖြစ်မလဲ မင်းကိုကြည့်မရလို့ပေါ့ "
![](https://img.wattpad.com/cover/335177890-288-k42022.jpg)