Part - 12

1.2K 54 1
                                    

ဒီနေ့ ဝန်ထမ်းတွေ၏ ယူနီဖောင်းပြောင်းရသည် ။ ခါတိုင်း ခပ်ပွပွအကျီတွေကနေ ကိုယ်ကြပ်အကျီပြောင်းရပြီး အပြာရောင်အစိုလေး ဖြစ်သွားသည်မို့ အတော်တန် သဘောကျနေကြ၏။ စကပ်ကလည်း အတိုလေးနှင့်အပြင် ခါတိုင်း ဖိနပ်အပါးကနေ ယခု ဒေါက်ဖိနပ်ဖြင့် ။

ခမ်း ဒီနေ့ အလုပ်နောက်ကျပြီး duty ဝင်ချိန်၌ သရဖီက ခမ်းရှေ့သို့ ဦးအောင်လာပြီး ယူနီဖောင်းအသစ်နဲ့ ဘယ်လိုနေလဲက စမေးပါတော့သည် ။ ဒီနေ့ အိပ်ယာနှိုးထဲက စိတ်ပျော်ရွှင်နေသည့် ခမ်းက သရဖီရဲ့အမေးကို အပြုံးလေးနှငိ့ ခေါင်းညိမ့်ပြ၍ လှတယ်ဟု ပြောလိုက်သည် ။

ရုတ်တရက် ခမ်းရဲ့အပြုံးတွေအပြင် လှတယ်ဟုပါ ပြောခံလိုက်ရတဲ့ ကောင်မလေးက ခမ်းကို ကြောင်ကြည့်နေမိတေ့ာ့ bell boy အခြားတစ်ယောက်က သရဖီကို ခမ်း ရှေ့သို့ စနောက်သည့်သဘောဖြငိ့ တွန်းပေးလိုက်သည် ။ ခမ်းလည်း သရဖီကို လှမ်းဖမ်းပေးလိုက်ကာ Lobby ကြီးမှာ သူတို့နှစ်ဦး အကြည့်ချငိးဆုံသွားချိန်၌ ဟန်သာနှငိ့ ဟိုတယ်မန်နေဂျာ အတူလာချိန်နှင့် တိုးသွားတော့သည် ။

သူ့အတွက် မဟုတ်တဲ့ ခမ်း၏အပြုံးကို ဟန်သာမြင်ရတဲ့အချိန် သဝန်တိုစိတ်နဲ့အတူ ဘာစကားမှ ပြောချင်စိတ်မရှိတော့လို့ မျက်ထောင့်နီဖြင့် နှစ်ဦးလုံးကိုကြည့်၍ ထွက်သွားတော့သည် ။ ဟိုတယ် မန်နေဂျာမှလည်း နင်တို့နှစ်ယောက်လုံး ခဏနေ ငါနဲ့တွေ့မည်ဟု ကျိန်းသွားသေး၏။

Lobby ကြီးတွင် မဖွယ်မရာပြုနေမူဖြင့် ခမ်း လစာဖြတ်ခံရပြီး သရဖီ HR ရုံးခန်းကပြန်လာလေတော့ ငိုကြီးချက်မနှင့်ပင် ။

သရဖီကြောင့် သူငယ်ချင်းတွေက ဘာဖြစ်လို့ဘာညာမေးလေတော့ ငပလီဟိုတယ်သို့ ပြောင်းရွေ့ရတော့မည်ဟု ပြောပြီး ထပ်ငို၏။

" သူငယ်ချင်းရယ် နင် မငြင်းခဲ့ဘူးလား "

" မငြင်းဘဲနေမလားဟာ...တကယ်လို့ မသွားချင်ရင် ထွက်တဲ့....."

" ဟင်း.......အီးဟီး..... မသွားချင်ဘူး..... "

သရဖီ ဆက်တိုက်ငိုနေမူကြောင့် ခမ်းလျည့်ထွက်ပြီး ဓာတ်လှေခါးရှိရာသို့ ။ MD ရုံးခန်းရှေ့ လက်ထောက် ကိုဇေယျနှင့်တွေ့ပြီး ဝင်သွားလို့ရတယ် ဟု ပြောတာမို့ ခမ်း ဟန်သာရှိသည့် ရုံးခန်းထဲသို့ ဝင်သွားတော့သည် ။

ခမ်း ( Khám) Wo Geschichten leben. Entdecke jetzt