Part - 9

1.5K 92 8
                                    

ဟိုတယ်သို့ ဧည့်သည်သုံးယောက်လာလေရာ Bell Boy တွေက တံခါးဖွင့်နူတ်ဆက်လာစဥ် ထိုလူယောက်အနက် နောက်ဆုံးမှ ဒေးဗစ်က ခမ်းကိုတွေ့သွားပြီး ပခုံးဖက်တော့၏။

" မင်း မနက်က ဘာလို့မနှိုးသွားတာလဲ "

" ဒါ ငါ့အလုပ်နော် ဒေးဗစ် ၊ အဲ့လိုတွေ လာမလုပ်နဲ့ "

ပခုံးပေါ်က ဒေးဗစ်လက်တွေကို ဖယ်ထုတ်လိုက်ပြီး သူ့သူငယ်ချင်းတွေ နောက်လိုက်သွားရန်သာ ပြော၏။
သူငယ်ချင်းတွေ ရှေ့ ထိုသို့ဆက်ဆံခံရတော့ မအီမလည်ဖြစ်သွားပေမဲ့ မျက်နှာမပျက်အောင် ထိန်းထားရင်း ကောင်တာထံသို့ ဒေးဗစ်သွားလိုက်တော့သည် ။ စိတ်အခြေအနေ မကောင်းတဲ့အချိန်မှ မနေ့က ကောင်မလေးနှင့် တွေ့လေတော့ ခနဲ့ပြုံး ပြုံးလိုက်လေတော့သည် ။ ထို့နောက် ကောင်တာရှေ့ မေးစေ့တင် လက်ထောက်ပြီး သရဖီကို ဆူးဆူးဝါးဝါး ကြည့်လာလေတော့သည် ။

" suite နှစ်ခန်းပေး "

" ဟုတ်ကဲ့ တည်းမည့်သူရဲ့ ID လေးတွေ ပေးပါရှင် "

" ငါ့ဧည့်သည်တွေ ငါ့နာမည်နဲ့သာ ထည့်လိုက် "

" အဲ့ဒီလို မရပါဘူးရှင် ။ တည်းမဲ့သူရဲ့ ID ပေးပါ ။ suite အခန်းက တစ်ညကို $ 120 ပါ ။ နှစ်ခန်းဆိုတော့ $ 240 ကျသင့်ပါတယ်ရှင် ။ အခန်းခကို တစ်ခါတည်း ရှင်းပေးသွားပါရှင် "

" မင်းတို့ မန်နေဂျာကို ခေါ်လိုက် "

" ဧည့်သည် ဘာအဆငိမပြေဖြစ်လို့လဲရှင့် ။ Check In / Out က ကျွန်မတို့နဲ့ပဲ လုပ်ရမှာပါ ။ ဂျာကြီးက ဧည့်သည်တိုင်းနဲ့ မတွေ့ပါဘူး ။ ရှင်တို့ဖက်က အခန်းက မပေး ၊ passpost လည်း မပေးရင် အခန်းမရနိုငိပါဘူး ရှင် "

သရဖီ၏ အရစ်ရှည်နေမူကြောင့် ဒေးဗစ် သည်းမခံနိုင်တဲ့အဆုံးမှ ဘေးနားက ပန်းအိုးကို ကန်ချလိုက်သည်။

ခွမ်းဆိုသည့် အသံကျယ်ကြီးနှင့်အတူ ဝန်ထမ်းတွေရဲ့ အော်သံတွေက ဆူညံလို့သွားခဲ့သည် ။

" ငါ ပြောနေတယ် ။ မင်းတို့ မန်နေဂျာကို ခေါ်လိုက် "

ကောင်တာမှာ မိန်းခလေးတွေပဲရှိသည်ဖြစ်လို့ သူတို့လည်းလန့်ကာ ဂျာကြီးထံဖုန်းဆက်ပါတော့သည် ။ lobby မှ ဧည့်သည်တွေကလည်း သူတို့ထံ လှမ်းကြည့်နေကြသည် ။ တာဝန်ကျတဲ့ bell boy တွေ အနားရောက်လာကာ ဘာ အဆင်မပြေဖြစ်လဲဟု မေးလာတော့သည် ။

ခမ်း ( Khám) Nơi câu chuyện tồn tại. Hãy khám phá bây giờ