"အမှန်ပြင်လိုက်ပါ။သူကမင်းကိုဒီမှာယာယီနေဖို့ခွင့်ပြုပေးလိုက်တာမဟုတ်ဘူး။ရှန်ရှောက်ချင်ကသာ မင်းဒီမှာယာယီနေခွင့်ပြုဖို့ငါ့ကိုတောင်းပန်ခဲ့တာ။ဒါကြောင့်ငါကစိတ်ပျက်လက်ပျက်နဲ့ပဲမင်းဒီမှာနေဖို့ခွင့်ပြုပေးလိုက်တာ။နားလည်ပြီလား။မင်းနားလည်ပြီဆိုရင်ငါ့ရှေ့ကဖယ်ပေးတော့။ငါ့ကိုပိတ်မနေနဲ့"

  စုယန်သည်သူ့လက်ကြီးဖြင့် မိမိနဖူးအားတွန်းလိုက်သည်။မိမိအားဘေးသို့ဖယ်ပြီးသည်နှင့် သူ့အိပ်ခန်းဆီအေးအေးဆေးဆေးဝင်သွားခဲ့သည်။

  ဘာလဲ။စုယန်ရဲ့အိမ်။သူ့အိမ်ကရေတွေကြောင့်ပျက်စီးသွားတာမလား။

  မိမိသည်စုယန်၏အိပ်ခန်းတံခါးအားအဆက်မပြတ်ခေါက်လိုက်သည်။

  "ထွက်လာဦး။ကျွန်မရှင်းလင်းတဲ့ရှင်းပြချက်တစ်ခုလိုချင်တယ်။ဒါဆိုဒီဟာကဘာကိုဆိုလိုတာလဲ။ကျွန်မတို့ကအတူနေရမှာလား ဒါမှမဟုတ်အခြားအစီအစဉ်ရှိသေးလား"

  တံခါးသည်ရုတ်တရက်ပွင့်လာသည်။မိမိသည်အခြေအနေတုံ့ပြန်မှုကြောင့်ခြေ၂လှမ်းခန့်နောက်ပြန်ဆုတ်သွား၍အလွန်ထိတ်လန့်သွားရသည်။စုယန်သည်တံခါးဘောင်အားမှီလိုက်ပြီးသူ၏185cmအမြင့်သည်မိမိအမြင်တစ်ခုလုံးအားဖုံးအုပ်ထားတော့သည်။ထိုသည်မှာမိမိမှသူ့အခန်းအတွင်းအားမမြင်နိုင်ရန်ကြိုးစားပြုလုပ်နေခြင်းဖြစ်နိုင်သည်။

  ငါကလည်းဘာမှစိတ်မဝင်စားပါဘူးနော်။

  "မင်းဘာလိုချင်သေးတာလဲ"

  "ကျွန်မတို့ဘာလိုအတူနေရမှာလဲဆိုတာသိချင်ရုံပဲ။ကျွန်မကိုမရေမရာဖြေရှင်းချက်မပေးပါနဲ့။ကျွန်မတိတိကျကျအချက်အလက်ပဲလိုချင်တယ်"

  စုယန်သည်သူ့ခေါင်းအားနှိမ့်လိုက်သည်။ထိုသည်မှာသူသည်မိမိခေါင်းမာမှုအားဖိနှိပ်နေပုံရသည်။သူသည်ကျယ်လောင်စွာငြီးတွားရင်းကြည့်လာသည်။

  "ငါကသာဒါကိုပြောရမယ့်လူနော်။သေချာအာရုံစိုက်!ငါ့ရဲ့ကြမ်းပြင်နဲ့နံရံတွေကရေကြောင့်ပျက်စီးသွားတယ်။ဒါကြောင့်ငါ့တိုက်ခန်းကိုပြန်လည်ပြင်ဆင်နေရတယ်။မင်းရဲ့မျက်နှာကျက်လည်းပဲ ရေယိုနေတယ်။ဒါကြောင့်မင်းတိုက်ခန်းလည်း ပြန်လည်ပြင်ဆင်နေတယ်။ငါတို့တိုက်ခန်းတွေက ပြန်လည်ပြင်ဆင်နေရတယ်လေ။ငါကငါ့ရဲ့အခြားတိုက်ခန်းဖြစ်တဲ့ဒီမှာမင်းနေဖို့အတွက်ခွင့်ပြုပေးလိုက်တယ်။နားလည်ပြီလား"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now