"ဒါပေမယ့်မင်းကခံစားမှုမရှိဖြစ်နေမယ်လို့ ဘယ်သူကထင်မှာလဲ။မင်းကငါ့ကိုဘာမှီငြမ်းစရာမှမပေးခဲ့ဘူး"

  စုယန်မှဝင်နှောင့်ယှက်လာပြန်သည်။

  "ရှင့်မှာတစ်ခုခုမှားနေတယ်လို့ ကျွန်မပြောရဲတယ်။ရှင်က'ရေနစ်သူဝါးကူမထိုးရရင်နေလို့မကောင်းဘူး'ဆိုတဲ့အကျင့်များရှိနေလား"

  မိမိအော်လိုက်မိသည်။

  "ကောင်းပြီ ကောင်းပြီ ကောင်းပြီ။စိတ်ထိန်းပါဦး။သိပ်ပြီးခံစားမလွယ်ပါနဲ့"

  ရှန်ရှောက်ချင်သည်မိမိနှင့်စုယန်ကြားရပ်ကာအခြေအနေပျော့ပျောင်းသွားစေရန်ကြံစည်နေရပြန်သည်။

အရူးတွေ!မိမိမှာထို၂ဦးအားတိတ်တဆိတ်ခေါင်းစဉ်တစ်ခုအားတပ်ပေးလိုက်သည်။သူတို့သည်စာရေးဆရာများနှင့်လည်းမတူပေ။သူတို့သည်မော်ဒယ်များနှင့်ပိုတူလေသည်။မဟုတ်သေးဘူး မင်းသားတွေနဲ့ပိုတူတာလားပဲ။

  မိမိသည်စုယန်အားဒေါသထွက်နေဆဲပင်။မိမိမှာမိမိတို့နှစ်ဦးကြားရှိ ရှန်ရှောက်ချင်နှင့်သူ့အားစိုက်ကြည့်လိုက်သည်။သို့သော်မိမိသည်တစ်ခုခုမှာထူးဆန်းနေကြောင်းတွေ့လိုက်သည်။
 
"သတိထား"

  မိမိသည်ရှန်ရှောက်ချင်အားကျော်ကာ စုယန်အားမိမိနောက်ဆွဲခေါ်လိုက်သည်။ပြီးနောက်မိမိ၏ဘော်ဒီဂတ်လန်းလန်းလေးအားအော်လိုက်သည်။

  "နင်ဘာလုပ်လိုက်တာလဲ"
… … …

  ချက်ချင်းဆိုသလိုပင်လေထုမှာအေးခဲသွားသည်။

ငါ့ကိုရှင်းပြခွင့်ပေးပါ :ငါအာရုံမစိုက်မိလိုက်ချိန်မှာပဲ ငါ့ရဲ့ဘော်ဒီဂတ်လန်းလန်းလေးကစုယန်နောက်မှာရုတ်တရက်ပေါ်လာပြီးသူ့ကိုတိုက်ခိုက်လိုက်တယ်လေ။
 
  မိမိသည်သရဲများမှာလူသားများအားမထိတွေ့နိုင်သည်ကို ခဏတာမေ့လျော့သွားသည်။သို့သော်သူ၏အန္တရာယ်ရှိသောရည်ရွယ်ချက်အားမြင်သည်နှင့် စုယန်အားမသိစိတ်အရကာကွယ်ပေးလိုက်မိသည်။သို့သော်ထို၂ဦးသားအမြင်အရတော့ မိမိသည်လေထုအားစကားပြောနေသည့်အရူးမကြီးဖြစ်နေသည်…အိုင်း!

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now