"ရှင်က…"

  မိမိစကားပြောလိုက်ချိန်တွင်ဆွဲဆောင်မှုအားပြင်းလွန်းသောအမျိုးသားမှာဟမ့်ကနဲလုပ်လိုက်ပြီးခေါင်းစောင်းလိုက်သည်။
 
"မင်းအအိပ်လွန်ပြီးရူးသွားတာလား ဒါမှမဟုတ် လန့်သွားပြီးအတိတ်မေ့သွားတာလား။မင်းကငတုံးမလား"

  သူကချောမောခန့်ညားနေပေမယ့် သူ့ရဲ့ဆိုးဝါးတဲ့ပါးစပ်ကတော့အဆိပ်ပြင်းလွန်းတယ်နော်။

  မိမိမှာဤကဲ့သို့သဘောထားမျိုးဖြင့်ပြေလည်မည်မှာမဟုတ်၍မတ်တပ်ရပ်လိုက်သော်ငြား မိမိခေါင်းမှာမူးဝေနေဆဲပင်။

  စက္ကန့်အနည်းငယ်အကြာတွင်တော့မိမိမှာ အမျိုးသားဆီခြေလှမ်းကျယ်ကျယ်လှမ်းသွားလိုက်သည်။

  မိမိမှာသူ့ခန္ဓာကိုယ်အရွယ်အစား၏တစ်ဝက်မျှသာရှိသော်ငြား မိမိစိတ်သဘောထားမှာတော့သူနှင့်ယှဉ်နိုင်လေသည်။မိမိသည်မေးစေ့ကိုပင့်လိုက်ပြီးသူ့အားစိုက်ကြည့်လိုက်သည်။

  "အရူး!excuse me!ဒါကကျွန်မတို့အနေနဲ့ပထမဆုံးတွေ့ဖူးတာလေ။ရှင်ဘယ်လိုတောင်ရိုင်းစိုင်းနေရတာလဲ။ဟိုဦးလေး၂ယောက်ရောဘာဖြစ်သွားပြီလဲ။ကျွန်မရှင်နဲ့စကားမပြောချင်ဘူး။သူတို့ကိုသွားခေါ်ချေ။ကျွန်မသူတို့နဲ့ပြောစရာရှိတယ်"
 
"ဘယ်ကဦးလေးတွေလဲ"
 
ချောမောသည့်အမျိုးသားမှာ အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။သူသည်ငြင်းဆန်နေပုံပေါ်သည်။
 
"စောစောတုန်းကသူတို့မျက်နှာတစ်ပြင်လုံးမုတ်ဆိတ်တွေနဲ့ ဦးလေး၂ယောက်ရှိတယ်လေ။ရှင်သူတို့ကိုသိသင့်တယ် ဟုတ်တယ်မလား။သူတို့ကိုကျွန်မဆီခေါ်ခဲ့"

  "မင်းကိုယ်တို့ကိုမမှတ်မိဘူးလား"

  အခြားမရင်းနှီးသည့်အသံကပြောလာသည်။မိမိသည်အသံလာရာကိုချက်ခြင်းလှည့်ကြည့်လိုက်သည်။အဲ့ဒါကနောက်ထပ်ခပ်လန်းလန်းဘဲလေးပဲဟ။သူ၏အပြုံးမျက်နှာလေးကသန့်စင်ခန်းထဲကနေထွက်ပေါ်လာသည်။

  ဘာတွေဖြစ်နေတာလဲ!ဦးလေးကြီး၂ယောက်ကပျောက်နေပြီးအခုတော့ကြည့်ကောင်းတဲ့အမျိုးသား၂ယောက်ကဒီမှာရှိနေတယ်။

  မိမိစိတ်အစဉ်မှာရောထွေးနေလေပြီ။

  "ရှင်ဘာပြောလိုက်တယ်"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now