အကြောင်းအရာအချို့ကြောင့်မိမိမှာရုတ်တရက်မသေချင်ပြန်တော့ပေ။အခုတော့ငါကလူသတ်သမားနဲ့စကားပြောချင်နေတယ်။

"မင်းဘာဆိုလိုချင်တာလဲ"

"ကောင်းပြီလေ။လူအများစုကဒီလိုမျိုးကြုံတွေ့ခဲ့ကြရင်သူတို့ကငိုယိုပြီးတောင်းပန်ကောင်းတောင်းပန်လိမ့်မယ်'ကျေးဇူးပြုပြီး ငါ့ကိုမသတ်ပါနဲ့။ငါ့ကိုမသတ်ပါနဲ့'အဲ့ဒါကမှပုံမှန်တုံ့ပြန်တာပေါ့လေ"

"အင်းလေ မင်းကပုံမှန်မဟုတ်ဘူး"

  ဦးလေးကြီးမှာမိမိအဆိုကိုသဘောတူလေသည်။

  "ဦးလေး ကျွန်မကပုံမှန်မဟုတ်ဘူးဆိုတာမဟုတ်သေးဘူးနော်။အဲ့ဒါကအခြားလူတွေနဲ့နှိုင်းယှဉ်နေလို့ပဲ။ကျွန်မမှာကျွန်မပဲရှိတယ်။ရှင်ကျွန်မကိုဒီနေ့သတ်ခဲ့ရင်တောင်မှကျွန်မအလောင်းကို ဘယ်သူမှသတိထားမိမှာမဟုတ်ဘူး။ဒါကြောင့်ဦးလေးရေ ရှင်ကအရမ်းကံကောင်းတာပဲ။ရှင်ကရှင့်ရဲ့တစ်ဦးတည်းသောမျက်မြင်သက်သေကိုသတ်လိုက်ရင်တောင် ဘယ်သူမှသတိမထားမိကြဘူး။သူမဒီရက်တွေမှာဘယ်မှာရှိနေလဲဆိုတာကို ဘယ်သူမှမသိကြဘူး။တစ်ခုခုဖြစ်နေခဲ့လားဆိုတာရောပဲ။သူမဆီလာစစ်ဆေးမယ့်လူတစ်ဦးတစ်လေတောင်ရှိမနေဘူး…ဒါကြောင့်ဦးလေး။ရှင့်မှာထွက်ပြေးဖို့အချိန်တွေအများကြီးရှိတယ်။ကျွန်မကဘာတစ်ခုမှမရှိဘဲ၂၅နှစ်တာကာလပတ်လုံးအသက်ရှင်ခဲ့ပြီးပြီ။ဒီနေ့တော့ကျွန်မရဲ့အဓိပ္ပာယ်မဲ့တဲ့ဘဝကြီးကိုနောက်ဆုံးမှာအဆုံးသတ်နိုင်တော့မယ်။ကျွန်မပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ အထီးကျန်နေတုန်းပဲ…"

ဤအပိုင်းဆီရောက်သောအခါ မိမိမှာအလွန်ချဉ်သလိုခံစားလိုက်ရသည်။ငါကသေတော့မယ်လေ။ဘာလို့ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ။ဒါကငါ့စတိုင်ဟုတ်မနေဘူးနော်…

   "မင်းအနေနဲ့တစ်စုံတစ်ယောက်ကိုစကားပြောချင်နေရင် ငါနားထောင်ပေးနိုင်တယ်"

  ဦးလေးကြီးမှာအခြားလူတစ်ဦးအဖြစ်ပြောင်းသွားသလိုပင်။သူ့နောက်တွင်ရောင်ခြည်တန်းတွေဖြာထွက်နေသည်ဟုပင်ခံစားနေရသည်။သူသာဘာသာရေးတစ်ခုခုကိုယုံကြည်ကိုးကွယ်သူဖြစ်ပါကမိမိမှာမြန်မြန်ဆန်ဆန်ဖြင့်သူနှင့်ပူးပေါင်းကောင်းပူးပေါင်းနိုင်လိမ့်မည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now