Lovely little Wifey Part-16

Start from the beginning
                                    

"ဘာကိစ္စလဲ ငယ်နဲ့ ဘာတွေပတ်သက်နေလို့လဲ"

"မသိဘူးပေါ့ ရတယ်လေ ဦးမပြောမှတော့ ငယ်ပြောပြမယ် မေရီဆိုတဲ့ အရင်က ရည်းစားဟောင်း အကြောင်းမပြောပြချင်ဘူးလား"

"ငယ် ဘယ်လိုသိတာလဲ"

"တကယ်လို့ ငယ်သာမသိခဲ့ရင် ဦးကိုယ်တိုင်ပြောပြဖို့ စိတ်ကူးရော ရှိရဲ့လား"

"ကိုယ် ရှင်းပြမယ် ငယ်"

"ဘာကို ရှင်းပြမှာလဲ အဲ့မေရီဆိုတဲ့ အမျိုးသမီးနဲ့ ရုပ်ချင်းဆင်နေတဲ့ ငယ်သွေးသျှန်ကို အစားထိုးအဖြစ်ခေါ်ထားတယ် ဆိုတာလား"

"အ့လို မဟုတ်ဘူး ငယ် ထင်ရာ လျှောက်မတွေးနဲ့"

"ငယ် ထင်ရာ လျှောက်တွေးတာ မဟုတ်ဘူး ဦးသေချာ စဉ်းစားကြည့်ပေါ့ ငယ်နဲ့ စတွေ့တွေ့ချင်း မေရီလို့ခေါ်တယ် လူကြားသူကြားထဲလဲ အဲ့မေရီ ဟုတ်မဟုတ် သိချင်တာနဲ့ ငယ့်အရှက်ကို မကြည့်ဘဲ ဆွဲလားရမ်းလား လုပ်သေးတယ် ပီး ဦးအခန်းကို ပထမဆုံး ငယ်ဝင်လာတော့ စားပွဲပေါ်မှာ ထောင်ထားတဲ့ဓာတ်ပုံကို ချက်ချင်းမှောက်အုပ်လိုက်တယ် အဲ့ဓာတ်ပုံက သူ့ရဲ့ဓာတ်ပုံမို့လား"

"ဟုတ်တယ် သူ့ဓာတ်ပုံဟုတ်တယ် ဒါမယ့် ငယ်ထင်သလို မဟုတ်ဘူး"

"အ့ဆို ငယ့်ကို ဘာလို့ အိမ်ခေါ်လာလဲ ပြောလေ"

"အစကတော့ ဟုတ်တယ် မေရီနဲ့ တူလို့ ခေါ်လာတာ ဒါမယ့် ကိုယ် ငယ့်ကို တကယ်ချစ်တာပါကွာ"

"ဦးကို ငယ်က ဘယ်လိုယုံရမှာလဲ သူ့ရဲ့ ဓာတ်ပုံတွေ သူ့ရဲ့ စာတွေတောင် ရှိနေသေးတာ ငယ့်ကို သူ့နေရာမှာ အစားထိုးတာ မဟုတ်ဘူးဆိုတာ ဘယ်လိုယုံရမှာလဲ"

"မဟုတ်ဘူး ငယ် အစားထိုးတာ မဟုတ်ဘူးနော် ငယ် မငိုပါနဲ့ကွာ"

"ငယ့်ကို မထိနဲ့ အမြဲတမ်း ငယ့်ဘဝမှာ ငယ်ချစ်ရတဲ့သူတွေကို ဘယ်တော့မှ မပိုင်ဆိုင်ရဘူး ငယ်သိတယ်"

"ငယ် ကိုယ်က ငယ့်အပိုင်လေကွာ ငယ် ဘာတွေပြောနေလဲ"

"မုန်းတယ် ဦးကို မုန်းတယ် အဟင့်ဟင့်"

ဦးရဲ့ ထိန်းချုပ်ထားတဲ့ ရင်ခွင်ကို တွန်းကာ ‌ငယ် ပြေးထွက်လာခဲ့သည်။ငယ့်အခန်းထဲမှာပဲ လော့ချကာ ခုတင်ဘေးတွေ ထိုင်ငိုနေသည်။

Lovely little Wifey !!🔞 warning 🔞!!Where stories live. Discover now