မောင့် အဖြေစကားလေးကနှစ်သက်ဖို့ကောင်းလွန်းသည်။ ငွေထက်သူ့ကိုချစ်တဲ့မောင်...

"လွန်း"

"ဗျာ"

"မောင်အခုထက်ထိမယုံနိုင်ဘူး"

မောင့်မျက်လုံးတွေကတည်ငြိမ်နေသည်။

သူဟာ တစ်စုံတစ်ယောက်အတွက်လူရှုပ် လူ့အမှိုက်ဖြစ်နေခဲ့ချိန်မှာ တစ်စုံတစ်ယောက်အတွက်တော့ အဖိုးတန်နေခဲ့လိမ့်မည်ဆိုတာသိခဲ့ရသည်။

တန်ဖိုးမသိတဲ့သူအနားမှာဖြုန်းခဲ့တဲ့ ငယ်ရွယ်မှုတွေ အချိန်တွေ ... အို လွန်းသော် သိပ်နှမြောတာဘဲ

"ဖေဖေနဲ့ဒယ်ဒီ I'm so sleepy right now"

"လာ ဒယ်ဒီ့ပေါ်ခေါင်းအုံးလိုက် ယွန်းလေး"

သမီးကိုပေါင်ပေါ်ခေါင်းအုံးခိုင်းပြီး လွန်းပေါ်သမီးကခြေထောင်တင်သည်။ သမီးအတွက် ကိုယ်ပိုင်အိပ်ယာအဖြစ်လည်းစွမ်းဆောင်ရသည်။

အိပ်မောကျသွားတဲ့သမီးဆံစလေးကိုသပ်တင်ရင်းမောင်ကပြုံးသည်။

"မောင် သမီးလေးကိုချစ်လားဟင်"

မောင်ကလွန်းကိုပြုံးလျှက်ပင်ခေါင်းညိမ့်သည်။

"လွန်းနဲ့ပတ်သက်တဲ့အရာရာတိုင်းကိုချစ်တယ် လွန်းချစ်တဲ့အရာတိုင်းကိုမောင်လိုက်ချစ်ပေးနိုင်တယ်"

"ငါကံကောင်းလိုက်တာမောင်"

"မောင့်ဘဝရဲ့ပထမဆုံးကံကောင်းမှုလေးကလည်းလွန်းပါကွယ်"

————————————————————————
"ဒါကဘယ်လိုဖြစ်ရတာလည်း ဖေဖေ"

"အဖေမတတ်နိုင်ဘူး သားကြည်ညို အဖေကသားငယ်သဘောဘဲ သားငယ်အဖေ့စီကထပ်ရုန်းမသွားဖို့ဘဲအဖေလိူချင်တာ"

"ကျွန်တော် ငါးနှစ်လုံးလုံး အဖေ့နားနေခဲ့တာ လွန်းကိုရှာရင်း အဖေ့နားမှာကူညီခဲ့တာ ပြန်ရတာ ဒါတဲ့လား"

အကျိုးအမြတ်ကိုငဲ့ကွက်နေတယ်ထင်ချငိထင်ပါစေ ရင်ထဲမခံမရပ်နိုင်လောက်အောင်ပူလောင်နေတာ ကိုယ်တိုင်အသိ။

"သားကြည်ညိုအဖေ့နားနေပြီးကူညီနေတာ မင်းအကျိုးအမြတ်လိုချင်လို့လို့သာပြောစမ်းပါ"

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now