Part (49) Uni/Zawgyi

Start from the beginning
                                    

နေပိုင်ထွဋ်က ယမင်းနဲ့တိုးတိုးတိုးတိုးပြောနေကြသောသန့်ဇင်ကိုမေးငေါ့ပြရင်းဇေကြီးကိုထပ်ဖဲ့လေသည်။

"အေးပြောထားစမ်း မကြာခင်မင်းအတွင်းရေးမှူးမလေးကနေ ငါ့အိမ်ရှင်မလေးဖြစ်တော့မှာကွ!"

ဇေကြီးစကားကိုကြားတော့ ယမင်းနဲ့ကြည်နူးနေသောသန့်ဇင်ကပါခေါင်းထောင်လာသည်။ သူငယ်ချင်း၃ယောက်စလုံးက တစ်ယောက်တည်းကျန်တော့တဲ့ဇေကြီးရည်းစားရရှိရေးကို စိတ်ဝင်စားနေကြသည်။

"ဟေ့ကောင်နေထွဋ် မင်းကအဲ့တာမသိဘူးလား မင်းပြောတော့ မင်းအတွင်းရေးမှူးက ဇေကြီးနဲ့မတန်ပါဘူးဆို "

သန့်ဇင်က ဝင်နှောက်လိုက်တော့ နေပိုင်ထွဋ်သည် ဘေးမှာခင်သက်ရှိနေတာမို့ မြွေကိုက်ပြီဆိုတာကြိုတွေးလိုက်မိသည်။ ထို့ကြောင့်ခါတိုင်းလိုပက်ခနဲပြန်မပြောနိုင်ဘဲ သူ့ကိုနဂါးမျက်စောင်းနဲ့မော့ကြည့်လာတဲ့ခင်သက်ကိုအရင်ပြုံးစိစိနှင့်ငုံ့ကြည့်လာပါသည်။

"အေး ဟုတ်တယ်... ငါဟိုးတစ်ခါလိုက်ကတည်းက မင်းပြောတာလေ ကြည်ပြာချိုက ငါနဲ့မတန်ပါဘူးတဲ့ မင်းအတွင်းရေးမှူးက ဗိုင်းကောင်းကျောက်ဖိမိန်းမကောင်းလေးတဲ့"

"အေးလေ ငါပြောချင်တာက ကြည်ပြာချိုက တကယ်သူ့ဟာသူနေတဲ့အေးဆေးသမားကွ မင်းကငပွေငရှုပ်"

"ဒါပေမဲ့ မင်းအတွင်းရေးမှူးမလေးမိုက်တယ်ဆိုပြီးငါတို့ကိုအရင်ပြတာဘယ်သူလဲ!"

ဇေကြီးကတော့ ခင်သက်ရှိနေတာကိုမသိတော့တဲ့အတိုင်း နေပိုင်ထွဋ်ကို ဂျင်းအကြီးစားတွေထည့်နေပြီဖြစ်သည်။

သူနဲ့မတန်ဘူးလို့ပြောခဲ့တဲ့အပေါ် သိပ်အစာကြေပုံအပေါ်ဘဲ ဟိုးအရင်တုန်းကအစတွေပါဆွဲထုတ်နေတာဖြစ်သည်။

"အေးဟုတ်တယ်နော် ကြည်ပြာချို့ပုံအရင်လာပြတာ မင်းပဲကွ"

သန့်ဇင်ကပါဘေးကနေထောက်ခံပေးနေလေသည်။

"ဟုတ်တယ် မင်း သူဘယ်နေ့ စကပ်ဘာအရောင်ဝတ်တာကအစအကုန်အလွတ်ရတာ"

"ဟုတ်ပါ့ ငါတို့ကိုပြတဲ့နေ့တုန်းက စကပ်အပြာလေးနဲ့ပုံပဲ မင်းကိုယ်တိုင်ရိုက်လာတာလား"

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now