Part (49) Uni/Zawgyi

28.8K 853 25
                                    

ပြန်လိုချင်တယ်

အပိုင်း (49)

"ငါတို့ ဒီလိုမတွေ့ဖြစ်ကြတာတောင်ကြာပြီ "

ယမင်းက ခင်သက်ကိုပုခုံးချင်းတိုက်ပြီးပြောလိုက်သည်။

"ဘယ်တွေ့ဖြစ်မလဲ ယမင်းရဲ့ နေထွဋ်ကလည်းမောင်တို့ Gathering တောင်မလာဘူး"

ဟု သန့်ဇင်က ယမင်းရဲ့လက်ကိုလှမ်းကိုင်ပြီး နေပိုင်ထွဋ်ကိုကြည့်ရင်းပြောလိုက်သည်။

"မင်းတို့လင်မယားကလည်း မတည့်တုန်းကတော့မတည့်လို့ တည့်သွားတော့လည်းအိမ်ထဲက ကိုမထွက်ကြဘူး "

ဇေကြီးကတော့ မျက်နှာချင်းဆိုင်မှာရှိနေသောနေပိုင်ထွဋ်အားမဲ့မဲ့ရွဲ့ရွဲ့နဲ့ပြောလိုက်လေသည်။

"မနာလိုနေတာမလား မင်းစော်မရှိတိုင်း "

နေပိုင်ထွဋ်က လက်ပြတ်အင်္ကျီအပြာရောင်ကလေးဝတ်ထားတဲ့ခင်သက်ရဲ့ပုခုံးကလေးကိုဖက်ထားပြီးပြန်ပြောလိုက်လေသည်။

"မင်းတို့ဒီဆိုင်ပြီးရင်ဘယ်သွားကြဦးမှာလဲ"

ဝမ်တီးကတော့ Restaurant ထဲက အမြည်းတွေဘီယာတွေမကုန်ခင်ကတည်းက မူးလာရင်တစ်ဆိုင်ပြီးတစ်ဆိုင်ပြောင်းထိုင်သော သူ့ဘော်ဒါတွေအကြောင်းကြိုသိပြီးမေးထားနှင့်သည်။

"မင်းကဘာလုပ်မလို့လဲ "

ဇေကြီးက သူ့ဘေးကနေဆိတ်သားကင်တွေယူစားနေသောဝမ်တီးအားမေးလိုက်သည်။

"ကလေးနိုးတဲ့အချိန်ရောက်ရင် မမပင်ပန်းနေမှာစိုးလို့ပြန်ရမှာမို့လို့ပေါ့ကွ"

"သြော်....ကလေးအဖေတွေဆိုတော့လည်းစောက်လုပ်တွေကိုရှုပ်နေတာပဲ"

ဇေကြီးသည် လူပျိုကြီးဟူ၍သူပဲရှိနေတော့တာမို့ကလေးအဖေတောင်ဖြစ်နေပြီဖြစ်တဲ့ဝမ်တီးအားဖဲ့လေသည်။

"ဟေ့ကောင်မင်းကဖြင့်အခုထိစော်လေးတစ်ယောက်တောင်ဖြစ်ဖြစ်မြောက်မြောက်မတွဲနိုင်ဘဲ မင်းတို့ထက်ဆရာကျတဲ့ငါ့ကိုလာဖဲ့နေတယ်"

ဝမ်တီးက ဒီတစ်ကြိမ်မှာတော့မခံဘဲပြန်ပြောလိုက်သည်။

"အရင်ကတော့သန့်ဇင်အဖော်ရှိသေးတာပေါ့အခုတော့မင်းတစ်ယောက်တည်းကျန်တော့တာ ဇေကြီး"

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now