Part (41) Uni/Zawgyi

21.2K 776 21
                                    

ပြန်လိုချင်တယ်

အပိုင်း (41)

ဒီနေ့ ခင်သက်လာပါ့မလားဟု နေပိုင်ထွဋ် မတည်မငြိမ်နှင့်စိုးရိမ်စွာပူပင်နေရသည်။

ဒီနေ့ဟာရုံးချိန်းနေ့ဖြစ်သည်။ ခင်သက်မလာလျှင်ဒီအမှုဟာဖြစ်မြောက်မည်မဟုတ်။

ဟေမာန်ထွဋ်ကလည်း အသရေဖျက်မှုနှင့်တရားပြန်စွဲမည်ဖြစ်ကြောင်း နေပိုင်ထွဋ်ကိုကြုံးဝါးထားတာဖြစ်သည်။

သတ်မှတ်ထားသောအချိန်ဆီသို့ရောက်ဖို့ရန် နာရီဝက်တောင်မလိုတော့တာမို့ သက်ဆိုင်သူအတော်အများလည်း တရားရုံး၌ရောက်နှင့်ကြပြီးဖြစ်သည်။

ပရိတ်သတ်ထဲမှာ ခင်သက်၏အမေနှင့်အစ်မတင်မက ယမင်းလွင်လည်းရောက်ရှိနေပြီဖြစ်သည်။ နေပိုင်ထွဋ်၏သူငယ်ချင်းများကိုတော့မတွေ့ရ။ ဒီကောင်တွေကိုမလာခဲ့ဖို့နေပိုင်ထွဋ်ကိုယ်တိုင်မှာကြားထားခဲ့တာဖြစ်သည်။

ဒီအမှုကိုကြားကြားချင်း ဒေါ်ချောစုရောမာလာတင်ရောသွေးတက်ခဲ့ကြတာဖြစ်သည်။ ဒေါ်ချောစုဆိုလျှင်နှလုံးရောဂါအခံကြောင့်မူးပါလဲခဲ့ရတာဖြစ်ပြီး ရုံးချိန်းသို့လည်းမလိုက်လာရန်မာလာတင်ကတားမြစ်ပေမဲ့ ခင်သက်တင်၏အမေဖြစ်သည့်အတွက်ခေါင်းမာခြင်းကိုတော့မာလာတင်တစ်ယောက်လက်ဖျားခါရသည်။

သူ့သမီးကိုသူကိုယ်တိုင်လာအားပေးမည်။ ၂ လလောက်မတွေ့ရတဲ့သမီးဖြစ်သူကိုတွေ့ချင်သည်ဟူ၍ မာလာတင်နှင့်ဇွတ်လိုက်လာခဲ့တာဖြစ်သည်။

နေပိုင်ထွဋ်အနေနဲ့ ယောက္ခမနှင့်မရီးကိုအတော်လေးမျက်နှာပူပြီးအားနာရသည်။

ဟုတ်သည်။သူသည် ခင်သက်တင်၏တရားဝင် ခင်ပွန်းတစ်ယောက်ဖြစ်ပါလျှက် ဤကဲ့သို့သောကိစ္စမျိုးကိုတစ်နှစ်ကြာသည်အထိမသိခဲ့ရတာဟာ အတော်လေး ရုပ်ပေါက်လွန်းလှသည်။

မျက်နှာတောင်မပြဝံ့ပေမဲ့ ယောက္ခမနှင့်မရီးကိုတော့နှုတ်ဆက်ရပေဦးမည်။ နေပိုင်ထွဋ်အားသိပ်လိုလိုချင်ချင်မရှိ။မကြည်ဖြူသောမျက်နှာထားနှင့်မရီးကြောင့် နေပိုင်ထွဋ်အနေခက်ရသည်။ ဒေါ်ချောစုကတော့သိပ်စကားမပြောပေမဲ့ အလိုက်အထိုက်တော့နှုတ်ဆက်၏။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now