Part (35) Uni/Zawgyi

20.6K 791 67
                                    

ပြန်လိုချင်တယ်

အပိုင်း (35)

အချိန်အားဖြင့် ၅ရက်ရှိပြီဖြစ်တဲ့အထိ အဆက်အသွယ်မရတာမို့ ခင်သက်ရဲ့အမေနဲ့အစ်မဆီသို့မေးဖို့ဆုံးဖြတ်လိုက်တော့သည်။

ခင်သက်ကသူတို့အဆင်မပြေတဲ့အကြောင်း အမေနဲ့အစ်မသိမှာအရမ်းစိုးရိမ်တာမို့ အိမ်ကိုမပြန်လောက်ဘူးဆိုတာနေပိုင်ထွဋ်တစ်ထစ်ချစဥ်းစားမိသည်။

တကယ်လို့ဒေါ်ချောစုနဲ့မာလာတင်တို့ကိုပါအသိပေးထားတယ်ဆိုရင်လည်းနေပိုင်ထွဋ်မရရတဲ့နည်းနဲ့ရှင်းပြပြီးတောင်းပန်ရပေတော့မည်။

၅ရက်မျှကြာနေပြီမို့ဖုန်းဆက်ဖို့မသင့်တော်တော့ဘူးဟုထင်မိသောကြောင့်လူကိုယ်တိုင်ပဲ ကုမ္ပဏီကနေခွင့်ယူပြီး သူမရဲ့မိဘတွေရဲ့နေရပ်သို့မနက်စောစောထွက်လာခဲ့တာဖြစ်သည်။

စက်ပိတ်ထားပါတယ်ဟုသာ ဖြေကြားသောဖုန်းနံပါတ်တစ်ခုအားအခါပေါင်းမရေတွက်နိုင်အောင်ခေါ်ထားပြီးဖြစ်၍ ဆက်တိုက်လည်းခေါ်နေမိတုန်းပင်ဖြစ်သည်။

Message မှတစ်မျိုး၊ Active မဖြစ်တဲ့ Social Media မှတစ်မျိုး ၊ နေပိုင်ထွဋ် စာတွေပို့နေတာလည်းမနည်းတော့ပေ။

၅ရက်လုံးကောင်းကောင်းလည်းအိပ်မပျော်တာမို့ ကားမောင်းရတာလည်းလူကနုံးချိချိဖြစ်နေသည်။

နေပိုင်ထွဋ် လူကအိပ်ရေးပျက်လို့နုံးနေပေမဲ့ အိပ်ငိုက်ဖို့လည်းသတိမရ။ ခင်သက်၏အမေဆီသို့ရောက်ဖို့အရေးသာခေါင်းထဲရှိသည်။

မနက်စောစောထပြီးမောင်းလာတာမို့ နေမွန်းတည့်မရောက်ခင်ယောက္ခမအိမ်ရှေ့သို့အရောက်ဖြစ်သည်။ နေပိုင်ထွဋ်၏ကားကိုမြင်တော့ မာလာတင်ကခြံတံခါးလာဖွင့်ပေးသည်။

နေပိုင်ထွဋ်ကားကိုခြံထဲ၌ထိုးရပ်လိုက်ပြီးနောက် ကားပေါ်ကဆင်းလာတော့ မာလာတင်၏မျက်နှာထားအရသူမ အကြောင်းအရာတချို့ကိုသိပြီးနေသားဖြစ်ရမည်။

"မာလာ ဘယ်သူလဲဟေ့.... သြော်...မောင်နေပိုင်ထွဋ်ပါလား"

ဒေါ်ချောစုကအိမ်ထဲကထွက်လာပြီးကြိုပေမဲ့ သူမလည်းမျက်နှာမကောင်းပေ။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now