Part (7) Uni/Zawgyi

25.2K 730 23
                                    

ပြန်လိုချင်တယ်

အပိုင်း (7)

အဲ့ဒီအိမ်ကိုသွားရမှာ ခါးခါးသီးသီးမုန်းနေပေမဲ့ ဒီအကျင့်မကောင်းတဲ့ယောက်ျားကဆန္ဒမပါဘဲဇွတ်ခေါ်လာသည်။

ကောင်းပြီလေ။ ခင်သက်ကိုတောင်သူရအောင်ခေါ်လာသေးတာပဲ။ သူဖုံးကွယ်ထားတဲ့ခင်သက်တို့ရဲ့အိမ်ထောင်ရေးအခြေအနေကိုလည်း သူ့အဘိုးရှေ့မှာသေချာပေါက်ထုတ်ပြပစ်မယ်။

ကားပေါ်ကဆင်းလာလျှင်လာချင်း ပေါ်တီအောင်ကတည်းက နေပိုင်ထွဋ်ဟာသူ့လက်ကိုချိတ်ဖို့ခင်သက်ကိုပေးသည်။ ခင်သက်ကတော့သူ့လက်ကိုပုတ်ချပစ်လိုက်တာကြောင့်နေပိုင်ထွဋ်ဟာ ခင်သက်၏လက်ဖဝါးကလေးကိုအတင်းဆွဲယူပြီးဖျစ်ညှစ်ကာဖြုတ်မရအောင်ကိုင်ထားလိုက်သည်။ ခင်သက်က သူ့ကိုမကျေနပ်စွာမော့ကြည့်တာကိုလည်း သူကတော့မမှု။

"အဘိုး ကျွန်တော်တို့ရောက်ပြီ"

အိမ်ထဲသို့ကျော့မော့စွာနဲ့ခင်သက်လက်ကိုဆွဲခေါ်သွားသည်။ ခင်သက်တို့ ထိုခမ်းနားကြီးကျယ်လှသော DONE မိသားစုအိမ်တော်ကြီးသည် ဧည့်ခန်းတစ်ခုလုံး၃ထပ်ရှိသောအပေါ်ထပ်တွေတက်သည့်လှေကားများနှင့်မျက်နှာကျက်အထိ မဟော်ဂနီရောင်များဖြင့်ပြင်ဆင်စီချယ်ထားတာဖြစ်သည်။

ခင်သက်တို့အိမ်ထဲဝင်လာနဲ့အရင်ဆုံးမြင်လိုက်ရတာက ခင်သက်တို့ကိုကြိုဆိုလျှက်ရှိသော တုတ်ကောက်တစ်ချောင်းနှင့် ပေါ့ပါးသောချည်ဘောင်းဘီနှင့် အသားအေးစေသောရှပ်အင်္ကျီကိုဝတ်ထားသော မီးခိုးရောင်ဆံပင်များရှိတဲ့အဘိုးဦးသောင်းထွဋ်နှင့်အတူ အဘိုးဦးသောင်းထွဋ်ကိုဘေးမှာကပ်လျှက်ရပ်နေသော ဖြောင့်ဆင်းနေသောဆံပင်ဂုတ်ဝဲနှင့်နေပိုင်ထွဋ်နှင့်အနည်းငယ်ရုပ်ချင်းသောအသက် ၃၀ ကျော်အမျိုးသမီးတစ်ဦး တစ်နည်းအားဖြင့်နေပိုင်ထွဋ်၏အဖေတူအမေကွဲအစ်မ ဟေမာန်ထွဋ်တို့ဖြစ်ကြသည်။

"ရောက်လာကြပြီလား "

အဘိုးက နေပိုင်ထွဋ်တို့အတူ ဧည့်ခန်းအလယ်မှာရှိသောမဟောဂနီရောင်ကတ္တီပါဆိုဖာကြီးများမှာထိုင်စေသည်။

"ဟုတ်...နေကောင်းရဲ့လား ကျွန်တော်တို့လည်းလာမယ်လာမယ်နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကထိအလုပ်တွေမအားတာ ခင်သက်ကလည်း ကျွန်တော့်အတွက်တောင်သိပ်အချိန်မပေးနိုင်ဘူးလေ"

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now