Part (40) Uni/Zawgyi

22.9K 773 36
                                    

ပြန်လိုချင်တယ်

အပိုင်း (40)

"ဘယ်လို....ခင်သက်တင်နဲ့နေပိုင်ထွဋ်က မောင့်ကိုတရားစွဲတယ်ဟုတ်လား!"

ဟေမာန်ထွဋ်သည်သူမနှင့်ကျော်ဇောလင်းဆီရောက်လာသော တရားရုံးမှဆင့်ခေါ်စာကြောင့်မယုံနိုင်ဖြစ်နေရသည်။ ကျော်ဇောလင်းသည်ကုမ္ပဏီကငွေတွေအလွဲသုံးစားလုပ်မှုနှင့်စခန်း၌ထိန်းသိမ်းခြင်းခံထားရပြီး ဟေမာန်ထွဋ်သည်ထိုကိစ္စမှအမြန်လွတ်မြောက်ရန်ငွေအားဖြင့်လိုက်နေတာဖြစ်သည်။

သို့သော်ဤကဲ့သို့နောက်တစ်မှုပေါ်လာသောကြောင့်ဟေမာန်ထွဋ်လည်းသွေးမတက်ရုံတမည်သာဖြစ်သည်။ တရားစွဲခံရသောအမှုသည်လည်း မိန်းမတစ်ယောက်အားကာယိအိ​န္ဒြေကိုပျက်စီးစေမှုဟူ၍ဖြစ်သည်။

ဟေမာန်ထွဋ်လည်း ကျော်ဇောလင်းဆီသို့လာတွေ့ရင်းထိုအကြောင်းအရာများကိုမေးလေသည်။ ရဲစခန်း၏ဧည့်တွေ့ခန်းတစ်နေရာ၌ ကျော်ဇောလင်းအားလက်ထိပ်ခက်ထားပြီးဟေမာန်ထွဋ်၏ရှေ့၌ထိုင်ခိုင်းစေသည်။

"မောင်....ဒီကိစ္စကဘယ်လိုလဲ အခြားသူတောင်မဟုတ်ဘဲနေပိုင်ထွဋ်ကစွဲထားတာ မောင် မကိုတော့ လိမ်လို့မရဘူးနော် အမှန်ပြောမှဖြစ်မယ်"

ဟေမာန်ထွဋ်သည်သူ့ရှေ့၌မျက်နှာငယ်လေးနှင့်စိုးရိမ်နေလေသောကျော်ဇောလင်းဆီမှအဖြေချက်ချင်းမကြားရ၊ငြင်းလည်းမငြင်းဆိုသောကြောင့်သံသယဝင်လာသည်။

"​မောင်!...ပြောလေ...ချက်ချင်းပြန်မဖြေနိုင်လောက်အောင် မောင် အဲ့တာကမှန်နေတာလား...တကယ်ပဲမောင်.....မောင်...ခင်သက်နင်ကို...."

"မ...မဟုတ်ဘူး..မ.. မောင့်ကိုယုံပါ...မောင်ခင်သက်တင်ကိုအဲ့...အဲ့လောက်..."

"အဲ့လောက်ဆိုတာဘာစကားလဲ! နင် ငါ့ကိုလိမ်လို့မရဘူးနော်ကျော်ဇောလင်း!"

"မောင်ဘာမှမလုပ်ခဲ့ပါဘူးမရယ်..မောင့်ကို..မောင့်ကိုဒီထဲကနေအမြန်ထွက်လို့ရအောင်လုပ်ပေးပါ...ပြီးကျရင်မောင်တို့ အမေရိကားကိုသွားကြမယ်လေကွာ...မောင်တို့အရင်ကပြောထားခဲ့ကြတယ်လေ!"

"ဒါပေမဲ့အခု နင့်ကိုတရားစွဲထားတာမုဒိမ်းမှုလေ ဒီကိစ္စကပေါ့သေးသေးမဟုတ်ဘူးအခုတောင်ကုမ္ပဏီကကိစ္စကသက်သေခိုင်လုံနေလို့ငါဒီလောက်လိုက်နေတာတောင်လွတ်မလာသေးဘူးလေ! "

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now