Lovely little Wifey Part-15

Comenzar desde el principio
                                    

   "ငယ်က သိလို့လား ကိုယ် ဘာဝတ်မလဲ ဆိုတာ"

   "ရုံးသွားရမှာမလ့…အ့တော့ ရုံးတက်ဝတ်စုံ ထုတ်ပေးမှာပေါ့"

   "ဟုတ်ပါပီဗျာ သိရင်လဲ ရွေးကြည့်ပါအုံး"

   "အွန်း…"

   အပြာနု တီရုပ်ကို အောက်က ခံဝတ်ဖို့ ထုတ်လိုက်ပီး အပေါ်မှ ဝတ်ဖို့ waist coat အနက်ကိုပါ ထုတ်ပေးလိုက်သည်။sytle pantအနက်ကို ပါ တွဲဝတ်ဖို့ ထုတ်ထားလိုက်သည်။

   "ငယ်လေးက တော်လိုက်တာ ဟွန်းဟွန်း ပြွတ်စ့်"

   ဦးက ပြောပီး ငယ့်နဖူးပြင်ကို တစ်ချက်နမ်းလိုက်သည်။ငယ်ထုတ်ပေးထားတဲ့ အကျီတွေကို ဝတ်ဆင်နေတဲ့ ဦးကို တိတ်တဆိတ်ကြည့်နေရင်း

   "ဦး"

   "အွန်း.."

   "ဦးကို အရင်က ဒီလို အကျီထုတ်ပေးဖူးတဲ့သူ ရှိလား"

   "အွန်း ရှိတယ်"

   "ဘယ်သူလဲ"

   "ကိုယ့် မာမီပေါ့"

   "ဟာ ဦးကလဲ ငယ်က အတည်မေးနေတာ"

   "အဟားဟား ဟုတ်ပါပီကွာ ရှိတယ် အရင်က"

   "အ့ ဘယ်သူလဲဟင်"

   "ငယ်က ဘာလုပ်ဖို့လဲ"

   "ဒီတိုင်းပဲ သိချင်လို့လေ"

   "သိတော့ရော ဘာလုပ်မှာလဲ"

   "ဒီတိုင်းလေး သိချင်တာကို ရတယ် မပြောချင်လဲ မပြောနဲ့တဲ့ ဘာမှန်းမသိဘူး ဒါလေး မေးတာကို"

   "ကဲ အရင်က ရည်းစားပေါ့"

   "ဪ…သူက ငယ့်ထက် ကြီးတယ်လား"

   "အွန်း ကိုယ်နဲ့ရွယ်တူ"

   "ဪ…သူက ငယ့်ထက် ချောလား ဒါမှမဟုတ် ငယ်နဲ့ ရုပ်ချင်းဆင်နေလား"

   ဦး ရုတ်တရက် မျက်နှာတစ်ချက် ပျတ်သွားသည်။

   "လာ အောက်ဆင်း မနက်စာစားစို့ ကိုယ်ဗိုက်ဆာနေပီ"

   ဦး စကားလမ်းကြောင်း ချက်ချင်း လွှဲသွားသည်။အ့လို လွှဲသွားတာကြောင့် ငယ့်ခေါင်းထဲမှာ ‌အတွေးတွေ ဗလောင်ဆူ သွားသည်။

~~ဦး ဘာလို့ စကားလွှဲသွားရတာလဲ ငယ့်ကို ပွင့်ပွင့်လင်းလင်း အမှန်တိုင်း မပြောချင်တာ ဘာကြောင့်လဲ ဦးကိုယ်တိုင်က ပြောလာခဲ့ရင် ငယ်ခွင့်လွှတ်မှာပါ ငယ် အစားထိုးနေရာကနေ နေခဲ့ရတာလား အရင်က ပေးခဲ့တဲ့ ဦးရဲ့ အနမ်းတွေက ငယ့်အတွက်လား သူမအတွက်လား ဦး ငယ် ~~

Lovely little Wifey !!🔞 warning 🔞!!Donde viven las historias. Descúbrelo ahora