1 U/Z

10.7K 129 5
                                    

အများက သူမကို ခေါ်ဝေါ်သမုတ်ကြသည့်က အပျိုကြီး။ သူမ အမည်က စီရံခြယ်။  တစ်ကိုယ်ရေ တကာယ အပျိုကြီးပေါ့။ ဘယ်ယောကျာ်းကိုမှ စိတ်မဝင်စားလေဘဲ ကျား ဆိုသည့် သတ္တဝါကို ရှိသည့်ဟုပင် ထင်သူ မဟုတ်ပေ။

သူမ အလုပ်က ရပ်ကွက်ထဲတွင် ငွေတိုးချေးသည်။ ရွှေထည်ပစ္စည်း အပေါင်ခံသည်။ ဆတ်ဆတ်ထိမခံ တကယ်အော်ကြောလန် အပျိုကြီး ။ အသက်အရွယ် အားဖြင့် ၃၀ ဝန်းကျင်သာ ရှိသေးသည်။ သူမက  အစ်မဖြစ်သူ မစောချစ် နှင့်  အတူနေထိုင်နေသည်။ အစ်မဖြစ်သူက အေးဆေးသလောက် စီရံကတော့ တကယ်အောကြောလန်ပင်။ မစောချစ်ထံတွင် ကျောင်းနေအရွယ် သမီးလေး တစ်ယောက်ရှိလေသည်။  စီရံ၏ အပြောအဆိုကြမ်းချက်ကြောင့်ပင် ရပ်ကွက်ထဲက   လူအများစုသည် စီရံခြယ်ဆို လွန်စွာကြောက်ကြလေသည်။ စီရံအပေါ်တွင် မဟုတ်တာပင် မလုပ်ရဲကြပေ။

"သားထက် နင် မစီရံကို စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူးနော်"

မရီခင် မောင် ဖြစ်သူ သားထက်ကို မေးလိုက်ခြင်းပင်။

သားထက် မရီခင်၏ အမေးကြောင့်

"ဟာ မကြီးကလည်း ဒီလောက် အပြောအဆိုကြမ်းပြီး စရိုက်ကြမ်းကြမ်း မစီရံကို စိတ်ဝင်စားစရာလား ဗျ"

"ဘယ်သိမလဲ မနက်တိုင်း မစီရံ စျေးသွားရင် နင်မှာ အူယားဖားယား ဆိုက်ကားနဲ့ စျေးလိုက်ပို့ရတာ မမောမပန်း"

မျက်စောင်းထိုးကာ ဆိုလာသော အစ်မ ဖြစ်သူ စကားကြောင့် သားထက် သဘောကျစွာ ရယ်မောရင်း

"ဒါက အလုပ်သဘောအရပါ အစ်မရာ၊ ကျွန်တော်က မစီရံလို အပျိုကြီးကို စိတ်ဝင်စားမလား၊ ဒီလောက် ဖလန်းဖလန်းလေးတွေ ပေါနေတဲ့ ခေတ်မှာ ကိုယ်နဲ့ ရွယ်တူ မိန်းကလေးကိုပဲ စိတ်ဝင်စားမှာပေါ့ အစ်မကလည်း"

"အေးပါ အေးပါ စောင့်ကြည့်ရတာပေါ့ သားထက်ရယ်"

စီရံ နှင့် ပတ်သတ်လာရင် ယောကျာ်းအများစုက ရစ်သီသီပင် မလုပ်ရဲအောင် ရှိန်ကြသည်။ စီရံ ဆိုတာကလည်း ဘယ်ယောကျာ်းသားမှ သူ အနား မကပ်ရဲအောင် ပညာပြတတ်သူပင်။

သူမ ဘယ်လောက် ပညာပြပြ သူမ အနားမှာ တောက်တဲ့လို ကပ်နေသည့် သူက သီးသန့်ရှိသည်။ သူ အမည်က လူပျိုကြီး ဦးသာဒွန်းပင်။

ရင်ခုန်တာအချစ်လားWhere stories live. Discover now