လက်မောင်းကို သာသာ လာပွတ်သပ်ရင်းပြောလာတဲ့ ရယ်ဆောလ်က ဒီနေ့မှ ပိုပြီး အတင့်ရဲနေသည် ။ မနက်ကတည်းက စာကြည့်တိုက်ကို လိုက်ခဲ့ပါဟု တစ်တွတ်တွတ် ပူဆာနေသည့် သူဟာ ဆောင်ဟွန်း စိတ်ရှုပ်ထွေးခြင်းတွေရဲ့ အဓိက တရားခံပင်ဖြစ်သည် ။
" ဆောလ် "
မျက်ခုံး နှစ်ခုကို တွန့်ချိုးကာ သူ့လက်တွေကို ဖယ်ရှားလိုက်တဲ့ ဆောင်ဟွန်းရဲ့ မျက်နှာက သိသိသာသာကို ပျက်ယွင်းလို့နေသည် ။ အရှက်ပြေချောင်းဟန့်ရင်း မျက်လုံးများ ပုတ်ခပ် ပုတ်ခပ်နှင့် ဘေးကလူတွေကို အကဲခတ်နေတဲ့ ရယ်ဆောလ်က ဆောင်ဟွန်းရဲ့ အပြုအမူတွေကို အသားမကျသေးသလို ။
" အရင်သွားနှင့်မယ် presentation အတွက်က မနက်ဖြန်မှ အသေးစိတ်ပြောတော့မယ် "
ရယ်ဆောလ်ကို မကြည့်ပဲ အဖွဲ့ထဲက လူတစ်ယောက်ကို ဦးတည်ပြီး ပြောလိုက်တဲ့ ဆောင်ဟွန်းရဲ့ စကားနောက်မှာလက်ကို နောက်တစ်ကြိမ် ထပ်ဆွဲလာသည် ။
" တူတူပြန်မယ်လေ.. ဟွန်း "
" ဟန်ရယ်ဆောလ် !! "
အံ့ကြိတ်သံနဲ့ ပြော၍ စူးစူးရဲရဲ စိုက်ကြည့်လိုက်တော့ လက်မောင်းကို လာဆွဲထားတဲ့ လက်များက တုန်ရီစွာဖြင့်ပင် ဖယ်ခွာသွားသည် ။ ဝုန်းဝုန်း ဒိုင်းဒိုင်းထထွက်သွားတာ မဟုတ်သော်ညား ညင်သာမှု မရှိနေတဲ့ အပြုအမူတွေကြောင့် ဆောင်ဟွန်း ဒေါသထွက်နေကြောင်းဟာ အသိအသာ ။
ဆိုင်ပြင် ရောက်ရောက်ချင်း လွယ်အိတ်ထဲက ဖုန်းကို နှိုက်ရှာပေမဲ့ မတွေ့တာကြောင့် ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးရပြန်သည် ။
တက်စီ ။ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက တက်စီပေါ်မှာ ကျန်ခဲ့တဲ့ ဖုန်းကို ပျောက်ကြောင်း တိုင်ချက်သွားဖွင့်ထားပေမဲ့ ယခုထိ သူ့လက်ထဲ ပြန်မရောက်သေး ။
ဂျယ်ယွန်းကို ဘယ်လို ဆက်သွယ်ရပါ့မလဲ ။ သုံးရက်လောက် မတွေ့ရလို့ လွမ်းတဲ့ အလွမ်းတွေက အစောက ကတောက်ကဆလေးတွေကြောင့် ပိုတိုး၍ လွမ်းလာရသည် ။
ယခုချိန် ဂျယ်ယွန်းက ကွန်ဒိုမှာ ရှိနေမှာလား ။ ပတ်ဂျုံဆောင်းဆိုတဲ့လူနဲ့ ချိစ့်ကိတ်ကို တူတူစားနေလောက်လား ။ ညစာစားချိန်ရောက်နေပြီမို့ ထမင်းဝိုင်းမှာ စကားတွေ ဖောင်ဖွဲ့နေလောက်လား ။
YOU ARE READING
A sky fulls of scars [ Sungjake ]
Fanfictionstucking with you in this same, old, love again | 𝐏𝐚𝐫𝐤 𝐒𝐮𝐧𝐠𝐡𝐨𝐨𝐧 • 𝐒𝐢𝐦 𝐉𝐚𝐞𝐲𝐮𝐧 | Available in both Unicode & Zawgyi
အခန်း ၇
Start from the beginning