အခန်း ၅

Start from the beginning
                                    

" တစ်ပတ်မှာ သုံးရက်ပဲ တွေ့ရတာ မလောက်လို့ ကြားရက်တွေမှာ စာကြည့်တိုက်တွေ တူတူသွားကြတာ.. ဆေးကျောင်း အရှေ့က ကော်ဖီဆိုင်မှာ ကော်ဖီတူတူသောက်တာ.. စနေနေ့ရုံတင်တဲ့ကားတွေကို အတူတူသွားကြည့်ဖြစ်တာတွေက ဂျယ်ယွန်း အတွက်တော့ တကယ် သာမန်ပဲလား "

ထပ်တူကျနေတဲ့ ခြေလှမ်းတွေကို ခနရပ်တန့်လိုက်ပြီး နီရဲနေတဲ့နားရွက်ဖျားတွေနဲ့ ဆောင်ဟွန်းက ဂျယ်ယွန်းကို စိတ်လှုပ်ရှားစွာ လှည့်ကြည့်သည် ။

တူတူယှဉ်ရပ်လိုက်တိုင်း သိသိသာသာ ကွာနေတတ်တဲ့ အရပ်ကြောင့် ဂျယ်ယွန်းလေးက သူ့ကို မော့ကြည့်၍ နေရသည် ။ သူစိတ်ကူးယဉ်ထားသည့်အတိုင်းပင် မျက်စိရှေ့က အသေးလေးက နှုတ်ခမ်းနှစ်လွှာကို ပိတ်လိုက်၊ ထိုနီရဲရဲ နှုတ်ခမ်းဖူးကို လျှာဖြင့်သပ်လိုက် ၊ စကားစရန်ပြင်လိုက်နှင့် တစ်ယောက်ထဲ အလုပ်ရှုပ်နေတော့သည် ။

" ဟင် ဂျယ်ယွန်းလေး "

ဆောင်ဟွန်းက လက်ပိုက်၍ အရှေ့က ကောင်လေး၏ မျက်နှာနားသို့ အနည်းကိုင်းလိုက်ပြီး မျက်ဝန်းတည့်တည့်ကို ဝင်ရောက်နေရာယူတော့ အစောက ဂနာမငြိမ်ဖြစ်နေတဲ့ မျက်ဆံနက်နက်ကလေးကလည်း သူ့ဆီ ပြန်စိုက်ကြည့်လာသည် ။

" ဟင်.. ဘာ - ဘာကိုလဲ "

" ကျွန်တော်တို့က တကယ်ပဲ သူငယ်ချင်းတွေလားလို့ "

" ဘယ်သိမလဲ..ဟို ..ဖြစ်ချင်းဖြစ် ညီအကိုဖြစ်မှာပေါ့ "

" ငါ - ငါက မင်းထပ် သုံးနှစ်တောင် ကြီးတယ် "

ဆောင်ဟွန်းရဲ့ မျက်လုံးတွေက ပထမတော့ အရောင်မှိန်သွားပေမဲ့ ဂျယ်ယွန်းရဲ့ စကားအဆုံးမှာတော့ မျက်လုံးတွေမှိတ်သွားသည်အထိ အားရပါးရ ရယ်တော့သည်။ သူ့မျက်နှာချောချောကြီးကိုတော့ ဂျယ်ယွန်းရှေ့က မဖယ်ပေးချေ ။

မျက်နှာနားကပ်၍ သွားစွယ်ချွန်ချွန်တွေကို လှစ်ဟကာ ရယ်နေတဲ့ ဆောင်ဟွန်းကြောင့် ဂျယ်ယွန်း မျက်နှာတွေ ပူလာသည် ။ မျက်စိရှေ့တည့်တည့်မှာ မြင်နေရတဲ့ မှဲ့နက်သေးသေးလေးက ဒီနေ့ကျမှ ပိုပြီး ဆွဲဆောင်မှု ရှိနေသလိုလို ။

A sky fulls of scars [ Sungjake ] Where stories live. Discover now