အခန်း ၂

Start from the beginning
                                    

" Je m'excuse "
( တောင်းပန်ပါတယ် )

ဆရာ့စကားသံနောက်ကနေ ထပ်ထွက်လာတဲ့ အသံပိုင်ရှင်ကို ဂျယ်ယွန်း တစ်ချက်လှည့်ကြည့်လိုက်သည် ။ ပြင်သစ်သံ မပီမသနဲ့ ထိုကောင်လေးက ဂျယ်ယွန်းထပ် တစ်လနောက်ကျပြီးမှ အတန်းတက်ခဲ့ပေမဲ့ စာလိုက်နိုင်တဲ့ ကျောင်းသားမို့ ဂျယ်ယွန်း မှတ်မိသည် ။

ပတ်ဆောင်ဟွန်းက ပြင်သစ်အတန်းကို အမြဲနောက်ကျတတ်တဲ့ ဆေးကျောင်းသား တစ်ယောက်ပဲ ။ အမြဲ အဖြူမဟုတ်ရင် အရောင်နုနုတွေကိုသာ ရွေးခြယ် ဝတ်ဆင်တတ်တဲ့ ထိုကောင်လေးက စကားမပြောဖူးရင်တောင် နူးညံ့နေမှာ ဂျယ်ယွန်းသေချာသိသည် ။

တစ်ယောက်ခုံ ထိုင်ခုံတွေနဲ့ ထိုင်ရတဲ့ ဂျယ်ယွန်းတို့ အတန်းမှာ လူ အယောက်နှစ်ဆယ်စာ ကွက်တိ ရှိ
သည် ။ ဂျယ်ယွန်းရဲ့ အနောက်တည့်တည့်မှာထိုင်တဲ့ ထိုကောင်လေးက အတန်းကို အမြဲ မိနစ်ပိုင်းတော့ နောက်ကျတတ်သည် ။

ဆေးကျောင်းကနေပြေးလာပုံရတဲ့ ထိုကောင်လေးဆီက ပိုးသတ်ဆေးနဲ့ သစ်ရွက်စိမ်းလို ရေမွှေးအနံ့ နုနုဟာ ဆေးရုံကိုမုန်းတဲ့ ဂျယ်ယွန်းအတွက် အနှောင့်အယှက် မဖြစ်စေဘူး ။

ပတ်ဆောင်ဟွန်းလို့ခေါ်တဲ့ ထိုကျောင်းသားရဲ့
ကိုယ်သင်းရနံ့ကိုထိ မှတ်မိသလိုရှိနေတဲ့ ဂျယ်ယွန်းဟာ အနောက်မှာ ထိုင်တဲ့ သူ့မျက်နှာကိုတော့ စေ့စေ့ မကြည့်ဖူးပါဘူး ။

ကြည့်ဖူးစရာလည်း မလိုသလို ဂျယ်ယွန်းကိုယ်တိုင်ကလည်း စိတ်မဝင်စားဘူးလေ ။ ဂျယ်ယွန်းစိတ်ဝင်စားတာ ဒီအတန်း မြန်မြန် ပြီးသွားဖို့ပဲ ။ သူ ပြဇာတ် ဇာတ်ညွှန်းတွေ အဆုံးသတ်ဖို့ လိုသေးတယ် ။

ရုတ်တရက် ကျောကို ဖွဖွလာတို့တဲ့ လက်သည်းချွန်ချွန်ရဲ့ အထိအတွေ့ကြောင့် ဂျယ်ယွန်းရဲ့ အဆုံးအစမရှိ ပျံ့လွင့်နေတဲ့ စိတ်အာရုံက အတန်းထဲသို့ တစ်ဖန် ပြန်ရောက်လာသည် ။

လှည့်ကြည့်မိတော့ သူ့ကို ပြန်ကြည့်နေတဲ့ ကောင်လေးရဲ့ မျက်နှာချောချောက ဂျယ်ယွန်းကို အိုးတိုးအမ်းတမ်း ဖြစ်စေဖို့ လုံလောက်သည် ။ ထိုမျက်နှာချောချောကို ဘာလို့ အရင်က စေ့စေ့မကြည့်ဖူးပါလိမ့်ဆိုတဲ့ အတွေးက ခေါင်းထဲ အရင်ဆုံး ဝင်လာသည် ။

A sky fulls of scars [ Sungjake ] Where stories live. Discover now