သည်တစ်ခါ​တော့ Taehyung ငိုသည်။ ဝမ်းသာလှိုက်ဖိုပြီး အလိုလိုကျလာသည့် မျက်ရည်များကို JungKookက ခပ်ဖွဖွ​လေး သုတ်​ပေးသည်။
သူ​ပြောဖို့အလှည့်ကျချိန်မှာ​တောင် သူ့နှုတ်ဖျားက အသံမထွက်နိုင်​သေးပါ။ ဒုတိယအကြိမ် ပြန်ကြားရ​သော Jeon JungKook၏ ကတိကဝတ်ပြုသံအား သူပြန်​တွေးမိ​နေဆဲ၊ ကြား​ယောင်မိ​နေဆဲ။

"တစ်ခုခု ​ပြောလိုက်​လေ အသည်းရဲ့"

"ကျွန်​တော် ​ကောင်းကင်ဘုံကို လက်ခံသလို ခင်ဗျားကို လက်ခံစရာမလိုပါဘူး"

JungKookမျက်နှာမှာ စိုးရိမ်ရိပ်အထင်းသား ဖြတ်သွားရသည်။ သူ​နောက်ထပ်တစ်​ခေါက် ကျန်ခဲ့ရဦးမှာလား။

"ခင်ဗျားက ကျွန်​တော့်ရဲ့ ​ကောင်းကင်ဘုံပါပဲ။ ကျွန်​တော် ခင်ဗျားအနားမှာ ထာ၀ရ​နေသွားပါ့မယ်"

ကန့်ကွက်သူမရှိတဲ့အဆုံး လက်ထပ်ပွဲ​လေးက လှလှပပအဆုံးသတ်သွားသည်။ သင်းအုပ်ဆရာကြီးက ဘုရားသခင်ကိုယ်စား သူတို့နှစ်​ယောက်ကို ​ကောင်းချီးမင်္ဂလာ​ပေးပြီး မင်္ဂလာပွဲအထ​မြောက်​ကြောင်း​ကြေညာ​လေ၏။

လှပလွန်းလို့ မျက်ရည်ပါကျမိတဲ့ အခိုက်အတန့်ပင်။ ဇာလက်အိတ်ကို ဆင်မြန်းထား​သော သူ့လက်​ချောင်းသွယ်သွယ်​တွေကလည်း Jeon JungKookလက်​တွေထဲမှာ လုံခြုံစွာ ရှိ​လေ၏။

သည်လူဆီပြန်လာရလို့၊ သည်လူဆီက ထွက်မ​ပြေးနိုင်လို့ သူဖြင့် ​နောင်တမရနိုင်​တော့ပါ။ သူ့လက်ကျန်ဘဝ​လေးကို ချစ်ရသူဆီ အချစ်​တွေ​ပေးရင်း ကုန်ဆုံးသွားချင်သည်။
ချစ်ခြင်းဆိုသည်မှာ ဖွင့်ဟရသည့်သ​ဘောရှိသည်။ ချုပ်ထိန်းထားစရာမဟုတ်။

ဒါကို အ​ဖေမြင်လည်း သူ့ကို ခွင့်လွှတ်မယ်မဟုတ်လား။ သူ့ကို နားလည်​ပေးမယ်မဟုတ်လား။

သည်လူက သူ့ကိုလိုအပ်သည်၊ သူမရှိလို့မဖြစ်။ တစ်​လျှောက်လုံး ကိုယ့်တစ်​ယောက်တည်းကို ကြည့်ရင်း ရှင်သန်လာသူ။ သည်သူ့လက်ထဲ ကိုယ့်ကိုယ်ကိုယ် ထည့်​ပေးချင်သည်။ ကိုယ်တိုင်စိတ်ချရသည်။
လုံခြုံမှုနှင့်တွဲလျက်ရှိ​သော ကြင်နာမှု​တွေက သူ့ကို​ထွေး​ပွေ့လွှမ်းခြုံထားသည်။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now