Part 14

2.7K 459 184
                                    

Unicode~

"မိတ်ဆက်​ပေးစရာ​တောင်မလို​တော့ဘူးထင်တယ် ဒါကျွန်​တော်နဲ့လက်ထပ်မဲ့သူ.. Antonတဲ့"

"အင်း.. သိတယ်"

အတက်အကျမရှိ​သောအသံဖြင့် ပြန်​ပြောသည်။ Antonနဲ့ ပတ်သက်ပြီး စိတ်ဝင်စားပုံမရ။ အခုလိုကျ Taehyung အလိုမကျပြန်။ ပူ​ဆွေးသွားတာဖြစ်ဖြစ်၊ ​ဒေါသထွက်သွားတာဖြစ်ဖြစ် တစ်ခုခု​တော့ ဖြစ်သွားသင့်သည် မဟုတ်လား။
သူ့အ​ကြောင်းကို လုံးလုံးစိတ်မဝင်စားသည့်အ​နေအထား​ကြောင့် သူဘာ​ပြောလို့​ပြောရမည်မှန်းမသိဖြစ်သွားတာ​တော့ အ​သေအချာ။

"ကျွန်​တော်က​တော့ ခပ်မြန်မြန်လက်ထပ်ဖို့ပဲ စီစဥ်ချင်​နေပြီ"

"Taehyung.."

Antonက သူ့ကိုတားသည်။ လက်ထပ်​ရေးကိစ္စနဲ့ ပတ်သက်ပြီး Antonက လော​မနေတာ​ကြောင့်လည်း ပါမည်။ Taehyungအတွက်​တော့ မြန်မြန်ပြီး​လေ​ကောင်း​လေဆိုတဲ့ ကိစ္စမျိုးဖြစ်တာ​ကြောင့် ​လော​နေမိတာ အမှန်။

"အဲ့တာ မင်းတို့ ကိစ္စ​လေ။ ကိုယ်နဲ့ ဘာများသက်ဆိုင်​နေလို့ပါလိမ့်"

"ခင်ဗျားက ကျွန်​တော့်အုပ်ထိန်းသူ​နေရာက ပါဝင်​ပေးမယ် ထင်ခဲ့တာ"

ရွဲ့​ပြော​နေတာလား၊ အတည်​ပြော​နေတာလား သိရ​အောင် သူ Taehyungကို ခပ်​စေ့​စေ့ကြည့်လိုက်သည်။ အရိုးခံ​ပြော​နေပုံပါပဲ။ သည်လိုစကားကို သည်လိုအရိုးခံမျက်လုံး​တွေနဲ့ ​ပြောနိုင်တယ်ဆိုတာဟာ မင်းကပဲ သိပ်အ​,နေလို့လား၊ ဟန်​ဆောင်ပဲ​ကောင်းလွန်း​နေတာလား။
​သေချာတာ​တော့ ကိုယ်သိတဲ့ မင်းက နုံအအ​ကောင်​လေးမဟုတ်ခဲ့ပါ။

"ကိုယ်က မင်းတို့နှစ်​ယောက်ရဲ့ အိမ်ရှင်.. ဒီ​လောက်ပဲ။ ကျန်တာ မင်းတို့ကိစ္စ၊ ဘယ်တုန်းကများ ကိုယ့်သ​ဘောကို​ရော မင်းထည့်တွက်ဖူးလို့လဲ"

Taehyung ​ကြောင်အမ်းစွာ ကြည့်​နေမိသည်။ Jeon JungKookဆီက အခုလိုစကားထွက်လာတယ်ဆိုတာ သူ့ခမျာ နားရှိလို့သာ ကြားရသည်။ သူ့အ​ရေး၊ သူ့ကိစ္စမှန်သမျှကို Jeon JungKookက အ​ရေးတယူရှိခဲ့တာပါပဲ။ စိတ်ထဲကပါ၍ဖြစ်​စေ မပါ၍ဖြစ်​စေ သူ့ကို လျစ်လျူရှုတယ်လို့မှ မရှိခဲ့တာ။
သူ အစွန့်ပစ်ခံ ဖြစ်သွား​ပြီလား။
စွန့်ပစ်ဖို့ကို အမြဲတမ်း ​မျှော်လင့်ခဲ့​ပေမဲ့ တကယ်တမ်းကြုံ​တွေ့ရ​တော့ ရင်ဘတ်ထဲဟာတာတာ။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now