Part 30

3.7K 450 18
                                    

Unicode~

ထူးထူးခြားခြား Jeonစံအိမ်ထဲ သီချင်းသံ​​လေး ပျံ့လွှင့်​နေသည်။ အနက်​ရောင်ဓါတ်ပြား​လေးက တစ်မနက်လုံး လှည့်နေခဲ့တာ။
​ခေတ်​ဟောင်းသီချင်းတစ်ပု​ဒ်ကို အမျိုးသမီးအဆို​တော်တစ်​ယောက်က သီဆို​နေပြီး Taehyungက လိုက်ညည်းလျက်။

သူသီချင်းနားမ​ထောင်တာလည်း ကြာ​ရော​ပေါ့။ စိတ်ဒဏ်ရာရစရာ​တွေကိုချည်း အထပ်ထပ်အခါခါ ​တွေး​နေခဲ့​တော့ သာယာကြည်နူးဖွယ်ရာ သံစဥ်များအ​ကြောင်း ​မေ့​မေ့​​လျော့​လျော့။

"အသည်းက သီချင်းကြိုက်တာ ကိုယ်အခုမှသိတယ်။ ဒီလိုမှန်းသိရင် ကိုယ်ဓါတ်ပြား​တွေအများကြီး ၀ယ်ထားမှာ​ပေါ့"

တံခါး​ဘောင်ကို အထာကျကျ မှီတွယ်ရပ်​နေ​ရင်း Jeon JungKookက ​မေးလာသည်။ ဓါတ်မတည့်မှု​ကြောင့် မျက်နှာနီရဲ​နေသည်က သက်သာရုံသာ ရှိ​သေးသည်။ အပြီးမ​ပျောက်​သေး။

"တစ်ခါတ​လေမှပါ။ ပြီး​တော့ ခင်ဗျားကို ဆရာ၀န်က အပြင်မထွက်ဖို့ မှာထားတယ်​လေ။ ဘာလို့ အခန်းထဲ မ​နေတာလဲ"

"အိမ်ထဲက ထွက်တာမှ မဟုတ်တာ။ ဘယ်လိုလုပ် အခန်းထဲအမြဲ​နေနိုင်မှာလဲ။ မင်းက ဒီမှာရှိ​နေတာကို"

Jeon JungKookက သူ့ကိုဆို သိပ်တွယ်ကပ်သည်။ မျက်စိ​အောက်က ​ပျောက်ရင်ကို အ​ဝေးကြီးထွက်သွားတယ်လို့ ထင်​နေ​တော့တာ။
ရင်ခွင်ပိုက်အရွယ်က​လေးတစ်​ယောက် မိခင်ကို အ​ပျောက်မခံသကဲ့သို့။ သူ့အတွက်​တော့ ဒါ​ဟာ Jeon JungKookရဲ့ နူးညံ့တဲ့ တစ်ဖက်ခြမ်းပါပင်။

"ကျွန်​တော့်ကို ဒီလိုပဲ လိုက်ကပ်​နေ​တော့မှာလား"

"အင်း.. မင်းကိုယ့်အ​ပေါ် အ​ကောင်းမြင်တဲ့အချိန်​​လေးက ရှားပါးလွန်းလို့ တစ်စက္ကန့်​တောင် မဖြုန်းပစ်ရက်ဘူး"

"မသိရင် ကျွန်​တော်က ​​နေ့ချင်းညချင်း ခင်​ဗျားကို ​ပေါက်ကွဲ​ပြတော့မလိုပဲ"

"ဖြစ်နိုင်တာပဲ​လေ။ မင်းနဲ့ ပတ်သက်ပြီး ကိုယ်က အရာရာကို အသင့်ပြင်ထားချင်​နေတာ"

Jeon JungKookနဲ့ စကား​ပြော​နေရင်း သူဖတ်လက်စ စာအုပ်ကို ​မေ့​လျော့သွားသည်။ စကား​ပြော​နေရင်း သူ့မျက်နှာထားက မည်သို့ရှိ​နေသည်ကိုပင် သတိမထားမိ။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now