Part 4

3.7K 520 109
                                    

Unicode~

"သတိထားမှ​ပေါ့"

ထိုင်​နေရာမှ ထလာပြီး Taehyung​ခြေရင်းမှာ ဒူး​ထောက်လိုက်သည်။ ပြုတ်ကျ​နေ​​သော စားပွဲခင်းစကို ​ကောက်ယူပြီး ​ခြေဖဝါးတစ်ဖက်က ​သွေးစများကို သုတ်​ပေး​နေ​လေရဲ့။
ချိုမြိန်လွန်းတဲ့ အပြုအမူတစ်ခုမှာ စိတ္တဇဆန်ဆန်အ​ငွေ့အသက်​တွေပါဝင်​နေသည်ဆိုလျှင် ၎င်းဟာ ဤသို့​သော အပြုအမူကို ဆိုလိုခြင်းဖြစ်လိမ့်မည်။

"မြင်း​လောင်းတာ ရှုံးခဲ့တယ်ဆို"

သတင်းကလည်း မြန်လိုက်တာ။ အဲ့သည်လို အကုန်သိ​နေတာကပဲ သူ့ကို မွှန်းကြပ်​စေတာ Jeon JungKookမသိဘူးလား။ သူ့​ခြေဖဝါးကို အမြတ်တနိုးတစ်ကိုင်တွယ်ထား​​သော လက်ဆီက ရုန်းထွက်လိုက်သည်။

"ထပ်​​လောင်းချင်​သေးလား။ ​ငွေဘယ်​လောက်လိုလဲ"

"အလိုမလိုက်နဲ့။ အသုံးမဝင်ဘူး"

"ကိုယ်သိပါတယ်"

အသံကညှိုးငယ်စွာ။ သိပ်ဟန်​ဆောင်​ကောင်းတဲ့လူ။ သူ့​ရှေ့က မိုးပြိုသလိုဖြစ်​နေတဲ့ မျက်နှာအ​နေအထားက အချိန်မ​ရွေး ​ပေါက်ကွဲနိုင်သည့် ဗုံးတစ်လုံးနှင့် အလားတူစွာ။
သည်လူရဲ့ အရာရာကို မနှစ်မြို့​နိုင်သောကိုယ်.. သည်​​​ထောင်မှာ သူဘယ်​လောက်များ စံနိုင်ဦးမှာတဲ့လဲ။

"ညစာပြင်​ပေးထားတယ်။ ​နေ့လည်က ​သေချာမစားသွားဘူးဆို"

"ခင်ဗျား​ရော.."

"မင်းတစ်​ယောက်တည်းအတွက် ပြင်ခိုင်းထားတာပါ။ စိတ်ချလက်ချစားလိုက်"

သူအနားရှိ​နေလျှင် မသက်မသာဖြစ်​နေ​သော Kim Taehyung. ဒါကို သူ​ကျေနပ်​​အားရနေတာ​တော့မဟုတ်။ သူ့ဝမ်းဗိုက်ထဲမှာ နှစ်ရှည်လများထိုးစိုက်ဝင်​ရောက်​နေ​​သော ဓါးဒဏ်ရာတစ်ခုအလား အနာမကျက်နိုင်စွာ နာကျင်လျက်ပါသည်။

မျက်နှာကြက်​မှာ ချိတ်ဆွဲထား​သော မီးပန်းကို မထွန်းထားသဖြင့် သူ့အခန်းက အ​မှောင်ကျလျက်ရှိသည်။ မိုးချုပ်လာ​လေ​လေ အခန်းက အ​မှောင်ကျ​လေ​​လေ။

လှုပ်ကုလားထိုင်​ပေါ်ထိုင်ရင်း ​​ဆေးလိပ်ကို ရှိုက်ဖွာ​တော့ သူ့ကို ​​ချော့သိပ်​နေသည့်အလား။ သို့သည့်တိုင် သူအိပ်မ​ပျော်နိုင်ပါ။ တ​​ငွေ့​ငွေ့​တောက်​လောင်​နေ​သော ရင်ထဲက အပူမီးဟာ ခန္ဓါကိုယ်အ​ရေပြားထိ လှိုက်တက်လာသည်။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now