"တကယ်​လောဘတက်ကြည့်လို့ ဖြစ်ရဲ့လား။ ကိုယ်မင်းကို မနာကျင်​စေချင်ဘူး​​နော်.."

Taehyung ပါးပြင်နှစ်ဖက် ပူရှိန်းသွားရသည်။ ရှက်ပါတယ်ဆိုမှ ဘာ​တွေ​မေး​နေလဲမသိ။ သူပြန်​ဖြေရမှာတကယ်ကို ရှက်လို့​နေပါသည်။
ခွင့်ပြု​ပေးချင်ပါလျက် လွယ်လွယ်ခွင့်ပြုလိုက်လို့ သူ့ကို အထင်​သေးသွားမှာလည်း သိပ်စိုးရိမ်လို့​နေပါသည်။ သူဟူ သိပ်လွယ်ပါတယ်လို့ Jeon JungKookက တလွဲ​ကောက်ချက်ချလိုက်မ​လေလား။
အဲ့လို​တော့ မဖြစ်​ချေ။ သူက Jeon JungKookဖြစ်​နေလို့သာ သူ့ကိုယ်သူဆက်သချင်ရုံပါ။

"ဟင်.. တစ်ခုခုပြန်​ဖြေဦး​လေ"

​ဆရာမဆီကစာ​မေးခံရမည်စိုး၍ ​ခေါင်းငုံ့ထားတတ်​သော ​ကျောင်းသားတစ်​ယောက်ကဲ့သို့ပင်။ အခုလည်း ​ဖြေရမည်ကို ရှက်လွန်း၍ ​မွေ့ရာ​အောက်ထဲ ​ခေါင်းနှစ်ဝင်မတတ် ငုံ့ထား​တော့သည်။
ဟန်လည်မများချင်သလို လွယ်လွန်းသူလည်း မဖြစ်ချင်။ သူမသိမသာ​လေး လက်ခံလို့ရမည့်နည်းလမ်း​တွေ မရှိ​တော့ဘူးလား။

"အသည်းက ရှက်​နေတာကိုး။ ကိုယ်မ​လောပါဘူး.. အသည်းအဆင်သင့်ဖြစ်ပြီဆိုမှ ဆက်သွားကြတာ​ပေါ့"

အဲ့လို​ပြောလာ​တော့ သူ့မှာ အားမနာဘဲ မ​နေနိုင်​တော့။ ကိုယ့်ဘက်က ​ပေးလိုက်ချင်ရက်နဲ့ ​ခေါင်း​လေး​တောင်မညိတ်နိုင်တာ။ ရှက်​နေတာလား၊ ဒါမှမဟုတ် ဘာကို ​ကြောက်​နေရပြန်တာလဲ။

"ကျွန်​တော်​တောင်းပန်ပါတယ်"

"ဘာ​တောင်းပန်စရာ အမှားလုပ်ထားလို့လဲ"

"ဒီအတိုင်း.. အ​ဖြေတစ်ခု​ဖြေနိုင်ဖို့ အမြဲအချိန်ယူမိ​နေလို့။ ကျွန်​တော့်ကို ဟန်ပန်များလွန်းတယ်လို့လည်း မထင်လိုက်ပါနဲ့ဦး​နော်"

"ဪ.. ဘာများလဲလို့။ ကိုယ်မင်းကို ဘယ်တုန်းက ​ဝေဖန်ခဲ့ဖူးလို့လဲ။ ​သေချာစဥ်းစားပါဦးကွာ"

သူအတည်​ပေါက်ကြီး စဥ်းစား​နေမိသည်။ သူ့ကိုပြစ်တင်​ဝေဖန်ဖူးခြင်း လုံးလုံးလျားလျားမရှိ​သော Jeon JungKookအ​ကြောင်းကိုသာ ​တွေးမိပါ​ရဲ့လေ။ ကိုယ့်ကို ​​ယောင်လို့ပင် အပြစ်မတင်ဘူး​​သော၊ မ​ကောင်းစိတ်နှင့် မကြည့်တတ်​​​သော.. သည်လူက ကိုယ့်အတွက်​တော့ အာဂစံပြပါပဲ။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now