"မင်းက​​တော့ တကယ်ကို အ​ကြောက်အလန့်မရှိဘူးပဲ။ ကိုယ်မင်းကို အမြင်ကတ်ပုဒ်မနဲ့ မထုတ်​ပေးချင်လို့ရတယ်​နော်"

"​အောင်မာ.. သူကပဲ​ပြောရတယ်ရှိ​သေး။ အမြင်ကတ်ရဲရင် ကတ်ကြည့်​​ပေါ့"

နှုတ်ခမ်းတချွန်ချွန်နဲ့ သူ့ကို အားရပါးရရန်​တွေ့​နေ​သော ရင်ခွင်ထဲက အ​ကောင်ငယ်​လေးအား သူငုံ့ကြည့်​နေမိသည်။ သည်​ကောင်​လေး သူ့ရင်ခွင်ထဲ​ရောက်​နေပါတယ်ဆိုတာက သူ့အတွက် အသစ်အဆန်းခံစားချက်ဖြစ်​နေဆဲ။ ဘယ်​တော့မှလည်း ​ဟောင်းနွမ်းသွားမည်မဟုတ်​တော့။
အိပ်မက်လား လက်​​တွေ့လား စမ်းတဝါးဝါးနှင့် အချိန်အတိုင်းအတာတစ်ခုကို ဖြတ်​ကျော်ပြီးခဲ့ချိန်မှာ​တော့ Kim Taehyungက သူ့အတွက် လက်​တွေ့တရားဖြစ်သည်ကို သူယုံရပါ​တော့သည်။

"စတာပါကွာ။ ကိုယ်ကဖြင့် မင်းကို ဘယ်​​လောက်ထိ​တောင် ချစ်လိုက်သလဲ။ မင်းလူသတ်လည်း ကိုယ်က အ​လောင်းလိုက်​ဖျောက်ကူဦးမှာ"

"ဒါ​တော့ နည်းနည်းများသွားပြီ။ ကျွန်​တော်က လူသတ်စရာလား။ အသည်းက နုနု​လေးကို"

"ဟားဟား.. ဟုတ်ပါပြီကွာ"

အသည်းယားလွန်းလို့ ထို​ကောင်​လေးကို ရင်ခွင်ထဲက ဆွဲထုတ်ပြီး နှုတ်ခမ်းပါး​လေးအား တတိတိ နမ်းမိ​တော့သည်။ မထိတထိနှင့် တုံ့ပြန်လာ​သော သူ့အနမ်း​လေးက တကယ့်ကို ချိုချိုမြိန်မြိန်​လေးရယ်ပါ။ ချိုလှပါချည်ရဲ့ဆိုတဲ့ သကြားလုံးကို သကာရည်ပြန်​လောင်းထားရင်​တောင် ဤမျှချိုနိုင်လိမ့်မည်မထင်။

"မင်းကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့။ ကိုယ် ဒီထက်ပိုပြီး ​လောဘတက်လာရင် ဘယ်လိုလုပ်မလဲ ကိုယ့်အသည်းရယ်"

"တစ်ခါတ​​လေ​တော့လည်း ​လောဘတက်ကြည့်လို့ရပါတယ်။ ကျွန်​တော် စိတ်မဆိုးပါဘူး"

အသံတိုးလျလျ​လေးက သူ့​သွေး​ကြောထဲကို စွမ်းအင်အပြည့်ပါဝင်​သော ​ဆေးတစ်ဖုံ ထိုးသွင်း​ပေးလိုက်သည့်နှယ်။

အင်အားအပြည့်နှင့် လက်တစ်စုံက ပုခုံးသားနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားလျက်ရှိပြီး မျက်ဝန်းများကလည်း မျက်​တောင်ခတ်ဖို့ပင် ​မေ့​မေ့​လျော့​လျော့ရှိ​နေကြဟန်။
မျက်လုံးချင်း​ပြော​သောစကားများကို နှလုံးသားဖြင့်သာ နားဆင်နိုင်သည်။ ဒီ​ရေအလား တရိပ်ရိပ်မြင့်တက်လာ​သော အချစ်စိတ်​တွေက သံကွန်ချာခုနစ်ထပ်ကာလျှင်​တောင် လုံ​လောက်နိုင်လိမ့်မည်မထင်။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now