အပိုင်း(၁)

Start from the beginning
                                    

"ဒေါက် ဒေါက် ဒေါက်"

မကြာလိုက် ကျွန်တော် အတွေးထဲနစ်နေစဥ် တံခါးခေါက်သံ ကြားလိုက်ရသည်။သက်ပြင်း မသိမသာချရင်း အိပ်ရေးမဝဟန်ပေါ်တဲ့ ကြိမ်းစပ်စပ်မျက်လုံးတွေကို ဖိပိတ်လိုက်၏။

ထို့နောက် တံခါးဖွင့်သံကြားရသည်။မေမေ့ခြေသံ ခပ်ဖွဖွက ကျွန်တော့်ဆီ ဦးတည်လာမှန်း သိသည်။ထိုအချိန် ကျွန်တော် အစိုးအရိမ်ကြီးစွာ ဖြစ်သွား၏။ကျွန်တော့်ကို ကျောင်းသွားဖို့ မေမေ နှိုးလိမ့်မယ်။မဖြစ်ဘူး။ကျွန်တော် အချိန်တန်ရင် ကျောင်းသွားရမယ်မှန်း သိသိရက်နဲ့ မတုန်မလှုပ် ဆက်အိပ်ချင်ယောင်သာဆောင်နေမိ၏။မတက်နိုင်။ကျောင်းနေပျော်တဲ့ ကျောင်းသားထဲ ကျွန်တော် မပါဝင်ပါ။

"သား ထတော့လေ အချိန်မစောတော့ဘူး"

မေမေက ပုခုံးကို အသာလှုပ်နှိုးသည်။ကျွန်တော်က  တုတ်တုတ်မှမလှုပ်။

"သား ထစမ်းကွယ် ကျောင်းနောက်ကျလိမ့်မယ်"

အင်း...ဟုတ်သားပဲ ကျွန်တော် ကျောင်းသွားမှ ဖြစ်မှာပေါ့။အဲ့ဒါမှဆရာဝန်ဖြစ်မှာ။ဆရာဝန်ဖြစ်ရင် မေမေ့ကို ဆေးကုပေးလို့ရပြီ။ဟုတ်တယ်။ ကျွန်တော် ကျောင်းသွားရမယ်။

တွေးလက်စနဲ့ ချက်ချင်း အိပ်ယာကနေ  ကမန်းကတန်းထလိုက်၏။ နောက်ဆက်တွဲ အကျိုးဆက်က ဆူးခနဲ အောင့်တက်လာသည့် ဗိုက်ပင်။နာနေပေမဲ့မညည်းရဲ။မေမေသိသွားလိမ့်မယ်။
ကျွန်တော့်ကြောင့် မေမေ့ကို ဝမ်းမနည်းစေမဲ့လုပ်ရပ်မျိုး အတတ်နိုင်ဆုံး ရှောင်သည်။ငယ်စဥ်ကတည်းက အမေတစ်ခုသားတစ်ခုနဲ့ နေလာရတာမို့ ဒူပေဒါပေသိပ်မခံနိုင်တဲ့ ကျွန်တော့်ကိုဆို မေမေက ဘာမှအထိခိုက်ခံတာမဟုတ်။မေမေ့ကျန်းမားရေးကလည်း သိပ်အကောင်းကြီး မဟုတ်ပေ။တစ်ချက်တစ်ချက် ထဖောက်သွားမည်ကိုပင် ကျွန်တော် တွေးစိတ်ပူမိသေးသည်။အဲ့ဒါကြောင့် သည်အကြောင်းတွေ မေမေ သိလို့မဖြစ်။

"ဟင် အိပ်ရာထရင် အဲ့လို ချက်ချင်းကြီး မထရဘူးလေ ငါ့သားရဲ့ နောက်တစ်ခါ အဲ့လို မထမိစေနဲ့ မေ ပြောတာ ကြားလား သွား မျက်နှာသစ်ချေ မနက်စာ ပြင်ထားတယ်"

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now