"ဆိုဗီယက်ကိုမဟုတ်ဘဲ ပြိုင်ဘက်ကုမ္ပဏီကို​ရောင်းလိုက်တာထင်တယ်"

"ဒီ​​ေ-ွးသားက​တော့! ဒီ​သောက်ကိစ္စ​တွေပြီးမှ ငါကိုယ်တိုင်သွားသတ်ဦးမှာ"

သူ့လက်ထဲက ​ခြောက်လုံးပြူး​သေနတ်ကို ​မောင်းတင်လိုက်ပြီး ထွက်လာ​တော့ တိုက်ခိုက်မှု​တွေက စတင်ပြင်းထန်စပြုလာသည်။ အမျိုးမျိုး​သော ​သေနတ်​တွေက အပြန်အလှန် ပစ်ခတ်လျက်။ ​ပြောင်းဝထက်မှာ တလက်လက်​တောက်လာ​သော ယမ်းမီးစ​တွေ။
ထိုစက်ရုံမှာ ယမ်းနံ့​တွေ တ​​ထောင်​ထောင်ဖြစ်သွားသည်။

"သူ​ဌေးမင်း​ အထဲဝင်​နေပါ။ ကျွန်​တော်တို့ ကြည့်ရှင်းလိုက်မယ်"

"​နေစမ်းပါ.. ဒီ​ကောင်​တွေကို ငါကိုယ်တိုင် သတ်ရမှ ဖြစ်မှာ ​တောက်!"

Audieတား​​သော်လည်း JungKookက ​သေနတ်တစ်လက်ကိုင်ကာ ​ရှေ့ထွက်တိုက်သည်။ ပြိုင်ဘက်အမည်ခံ ဘယ်​အောက်တန်းစားကများ သူ့ကို လာတိုက်​နေရတာလဲ စိတ်မဝင်စား။
သူတို့လက်နက်ရုံကို မ​ကျေနပ်မနာလိုတဲ့ တခြားလက်နက်ရုံ​တွေများလွန်းလို့ သူ့​ခေါင်းထဲ ထည့်ထားနိုင်တာမဟုတ်။ ဘာပဲဖြစ်ဖြစ် ​​လောဘတက်ပြီး သည်လိုလာတိုက်ခိုက်ကတည်းက သူ့အတွက် ပြိုင်ဘက်​ကောင်း မဖြစ်နိုင်​တော့။

"သူ​ဌေးမင်း သတိထားပါ"

"မင်းက ငါ့ကို အထင်​​သေး​နေတာလား Audie"

"မဟုတ်ပါဘူး သူ​ဌေးမင်း။ ကျွန်​တော်က မလိုအပ်ဘဲ အထိအခိုက်မခံ​စေချင်လို့ပါ"

"​တော်စမ်းပါ!"

တ​ဖြေး​ဖြေး စိပ်လာသည့် ​ကျည်ဆန်အပစ်အခတ်​​တွေကြား မ​ကြောက်မလန့် ဝင်သွားသည့် သူ​ဌေးမင်းJeon. ဒါက သိပ်ပြီး နိမိတ်မ​ကောင်းလှ။
သူတို့ဘက်က အင်အားမနည်းလှ​​သော်လည်း ဟိုဘက်က အင်အားကပိုများ​နေသည်။ သည်စက်ရုံက သူတို့စက်ရုံထဲက အကြီးဆုံးတစ်ခုမ​ဟုတ်။ တိတ်တိတ်ဆိတ်ဆိတ်စမ်းသပ်ထုတ်လုပ်ချင်တဲ့လက်နက်ဖြစ်တာ​ကြောင့် သည်စက်ရုံကို ​ရွေးထားခဲ့တာက ရန်သူအတွက် အခွင့်အ​ရေး​ပေးသလို ဖြစ်သွားခဲ့သည်။

ထိုအချိန် တစ်ဖက်အဖွဲ့မှ ကားတစ်စီးက သူ​ဌေးမင်း​ရှေ့မှ ဖြတ်ပြီး ​သေနတ်ကိုင်ထား​သော လက်တစ်ဖက်က ကားပြတင်းထဲမှ ထွက်လာသည်။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now