ကိုယ့်ကို ဤမျှ​လောက်ထိ စွဲလမ်း​နေပါ​သော လူတစ်​ယောက်အား ​ငေး​မောကြည့်​နေမိသည်မှာ အထူးအဆန်းဖြစ်ပါရဲ့လား။ လူဝီဗီးလ်တစ်မြို့လုံးမှာ ​ဩဇာအရှိဆုံး မြို့မျက်နှာဖုံးရှင်က သူ့အတွက်ပါတဲ့​လေ။ သူ့တစ်မျက်နှာတည်းကို ကြည့်ပြီး နှစ်လရှည်ကြာ​စောင့်​နေခဲ့သူအ​ပေါ် သူယခုမှ စိတ်ယိုင်သည်ဆိုတာဟာ အချိန်အားဖြင့် ​နောက်​​တောင်ကျ​နေပါသည်။

တစ်ချိန်တည်းမှာပင် အ​ဖေ့အ​ပေါ်မှာ အားနာစိတ်ဖြစ်သွားသည်။ ​နောက်ဆုံး​တော့ ကိုယ်အ​ဖေ့အတွက် လုပ်​ပေးမည်ဟု ​မျှော်လင့်ထားသမျှ ကိုယ်ပဲအရှုံး​ပေးလိုက်ရသလို။ သူအနိုင်ပိုင်းနိုင်လိမ့်မည်ဟု ​တွက်ထားခဲ့တာ။ တကယ်တမ်း ကိုယ်ရှုံးသွားချိန်မှာ​တောင် ကိုယ်ဟာ ရှုံးရကျိုးနပ်သည်ဟု ထင်​နေမိဆဲ။
သည်တစ်ခါ​တော့ စိတ်သန့်သန့်နဲ့ ရင်ခုန်ချင်လိုက်တာ.. ​ကောင်းကင်ဘုံ​ပေါ်ကသာ အ​ဖေကြည့်​နေလျှင် ကိုယ့်ကို နားလည်ပါ့မည်လား။

"ခင်ဗျားက အဲ့လိုကြည့်​နေ​တော့ ကျွန်​တော် စာအုပ်​တောင် ဖတ်လို့မရ​တော့ဘူး"

"အ​ရေးမကြီးပါဘူးကွာ။ မင်းက ​ကျောင်းသားလည်း မဟုတ်​တော့တာကို"

အဲ့လို မထီတထီ​ပြောတတ်သည်ကပင် Jeon JungKook၏ ဆွဲ​ဆောင်မှုတစ်မျိုး ဖြစ်ဟန်တူပါသည်။ ယခင်က​​တော့ ဒါကို အမြင်မကြည်စရာ တဇွတ်ထိုးအကျင့်ဟု တရား​သေ မှတ်ထားရင်းက သူ့အ​တွေးအမြင်ဟာလည်း ​ပြောင်းလဲလာခဲ့သည်။
​ဆေးမိသူတစ်​​ယောက်လို လွယ်လွယ်ကူကူ​ပြောင်းလဲတာများ ဖြစ်​နေမလား။ သိပ်လွယ်လွန်းတယ်ဆိုပြီး Jeon JungKook အထင်​သေးသွားရင် ရှက်စရာဖြစ်​နေဦးမှာ။

"ဘာ​​တွေ အဲ့​လောက်စဥ်းစား​နေတာလဲ အသည်းရဲ့"

"ကျွန်​တော်​ရုတ်တရက်ပြောင်းလဲသွားတာကို ခင်ဗျား အံ့ဩမ​နေဘူးလား"

သိချင်လွန်းလို့ ဟန်​တောင်မ​ဆောင်နိုင်ဘဲ ​မေးလိုက်​တော့သည်။ သူ့​ပြောင်းလဲမှု​တွေအ​ပေါ် Jeon JungKookက အလိုက်တသိဖြစ်လွန်း​နေ​တော့ နားလည်ရခက်လွန်းပါသည်။
လူသတ်လက်နက်​တွေကို ​နေ့စဥ်နဲ့အမျှ ထုတ်လုပ်​နေသူက သူ့အတွက် သူ​တော်စင်တစ်​ယောက်လို သ​ဘော​ကောင်း​နေတာ မထူးဆန်းလွန်းဘူးလား။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now