"အေးပါ ကဲကဲသဲသဲကိုယ်တော်ရယ် အရှက်ရှိတဲ့ ကိုယ်တွေပဲ ထွက်ပေးပါ့မယ်"

နန်းနဲ့ချယ်လဲ  မဟာကို မျက်စောင်းထိုးပြီး နှင်မထုတ်ခင် အလိုက်တသိိပဲ ထွက်သွားလိုက်ပါသည်။

မဟာ မမနန်းတို့ထွက်သွားတာနဲ့ သူမလက်ကလေးအား ဆုပ်ကိုင်ကာ မျက်နှာလေးကို စေ့စေ့စပ်စပ်ကြည့်နေမိသည်။ဇင်ရော်တောင် မျက်ခုံး ရွှေသမင် မျက်လုံးလေးနဲ့ နှာတံဆင်းဆင်း နှုတ်ခမ်းဖူးဖူးလေးနဲ့ အပစ်ပြောစရာမရှိအောင်လှတဲ့ သူမမျက်နှာလေးကို ပိုလှအောင် မိတ်ကပ်များက ပံ့ပိုးထားတာကို သူမှာ ကြည့်မဝနိုင်စွာ သေချာကြည့်နေမိသည်။

"မောင်"

စံ သူမမျက်နှာလေးအား ပေါက်ထွက်မတက်ကြည့်နေတဲ့ မောင်ကြောင့် မနေတက်တော့ပေ ဒီနေ့မောင်က ခါတိုင်းတွေ့နေကျ လူငယ်ပုံစံမဟုတ်ပဲ သူမနဲ့ဆင်တူငွေမင်ရောင်သတို့သားတိုက်ပုံဝတ်စုံလေးကို ဝတ်ထားတာက ရှင်းသန့့်နေသည်။

"မောင်အသည်း"

"ဟင်"

"မောင်ရင်တွေ အရမ်းခုန်နေတယ်  မင်းရော"

ဆိုပြီး  သူမလက်လေးကို မောင်ကသူ့ဝဲဘက် ရင်အုံပေါ်တင်ပေးလိုက်သည်။ဟုတ်ပါရဲ့ မောင်ရင်တွေ အရမ်းခုန်နေတာ သူမလက်ကလေးကတစ်ဆင့့် ခံစားမိပါသည်။မောင်ရင်တွေ ခုန်နေသလို သူမလဲ ခုန်နေပါသည်။

မဟာ သူရင်ဘက်ပေါ် လက်တင်ပြီး သူမျက်နှာလေးကို မော်ကာ ကြည့်နေတဲ့ သူမလေးကို မြတ်နိုးလွန်းစွာ နဖူးလေးကို အနမ်းပေးလိုက်သည်။

"ကဲ သားရေ သမီးလေးနဲ့အတူ ထွက်ခဲ့တော့ ခန်းမထဲ ဝင်ရတော့မယ်"

"ဟုတ်"

မဟာ သူလက် မောင်းလေးကို ကွေးကာ သူမလက်ကလေးကို ဆွဲပြီး ချိတ်ခိုင်းလိုက်သည်။သူတို့ထွက်လိုက်ပြီး သူတို့သားအရံ သူတို့သမီးအရံ ခြံရံပြီး အခါတော်ပေးသီချင်းတွေစတာနဲ့ ခြေလှမ်းများကို စတင်လိုက်သည်။သူဘေးနားက သူတို့သမီးလေးကို သူခနခနငုတ်ကြည့်နေမိသည်။အခုချိန်ထိ သူမကို ပိုင်ဆိုင်ရပြီဆိုတာ သူမယုံနိုင်သေးပေ။ထုံးတိုင်းအစဉ္အလာအရ သူမတို့အားဘိတ်သိက်မြောက်ပြီး မင်္ဂလာ ပန်းကုံးနဲ့ မင်္ဂလာ လက်စွပ်ကို ဖလှယ်ကာ စွပ်ပြီးသွားတာနဲ့ သူမလက်ကိုဆွဲကာ ဧည့်သည်တော်တွေကို လိုက်လံဧည့်ခံကြသည်။ပွဲပြီးလို့ သူမအိမ်မှာနှစ်ဖက်မိဘတွေကို ကန်တော့ကြသည်။မင်္ဂလာအိမ်ကို မဟာ မန္တလေးမှာပဲ အိမ်ဝယ်ထားပြီး သူနေထိုင်ဖို့ အကုန်ပြင်ဆင်ထားတာကို သူမအား အသိမပေးပဲ ဟိုတယ်မှာပဲ မင်္ဂလာဉီးညကို ဖြတ်သန်းမယ်လို့ သူမထင်အောင်တမင်မပြောပဲထားထားကာ စပရိုက်တိုက်မည်ဖြစ်သည်။မင်္ဂလာကားက သူမအိမ်ကနေထွက်လာပြီး လှပသော အပြာရောင်
နှစ်ထပ်တိုက်အိမ်ရှေ့ ကားကို ရပ်လိုက် မှ သူမက သူအား နားမလည်သလိုကြည့်လာသည်။သူလဲ သူမလက်လေးအားတွဲကာ ကားပေါ်မှ ဆင်းလိုက်သည်။

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now