အခန်း၃၄
မဟာဒီနေ့ ဆေးရုံးဆင်းရမှာမို့ သူငယ်ချင်းတွေ အကုန်ရောက်နေကာ အထုတ်အပိုးတွေကို ကူသိမ်းဆည်းကြသည်။စံလဲ သူမသယ်စရာ မရှိတာကြောင့့် မောင်လက်ကိုတွဲကာ ကားဆီခေါ်လာခဲ့သည်။မောင်စံအိမ်ထိမလိုက်ပဲ နန်းတို့အိမ်ရှေ့မှာသာ သူမတို့၃ယောက်ကို ချပေးဖို့ပြောတော့ မောင်ကနားလည်စွာ သူမကို စံအိမ်ကို မခေါ်ပေ။မောင်ဆန္ဒအရ မောင်ဆေးဖြတ်နေချိန်အတွင်း ဖုန်းပဲအဆက်အသွယ်လုပ်ကာ သူမကို မောင်စီလာမတွေ့ဖို့ ပြောတာမို့ သူမလဲ မောင်သဘောကို နားထောင်လိုက်သည်။သူမလဲ နန်းနဲချယ်ကို အားနာတာရယ် မောင်က ပြန်ခိုင်းနေတာကြောင့် မနက်ဖြန်ပင် ပြန်ဖို့ စီစဉ္လိုက်ရသည်။
စံအိမ်ရှေ့ ကားရပ်တာနဲ့ အိမ်တော်ထိန်းနဲ့ ကောင်မလေး ၃ယောက်က သူပစ္စည်းတွေလာသယ်သည်။မဟာလဲ သူအားစောင့်နေသည့် အဘွားနဲ့မိသားစုဝင်တွေရှိရာ သွားလိုက်သည်။
"တော်သေးတာပေါ့ ငါ့မြေးလေး ကံကောင်းလို့ နောက်အဲလိုတွေ ရူးရူးမိုက်မိုက် အဘွားကို ရင်တုန်အောင် မလုပ်ပါနဲ့လား"
"ဒါကတော့ အဘွားပေါ်မှာပဲ မူတည်တယ် ကျနော်နားချင်ပြီ"
သူဘယ်သူနဲ့ စကားမပြောချင်တာကြောင့် ဟိုနှစ်ကောင်ကို မျက်ရိပ်ပြကာ သူ့အခန်းသို့တက်လာခဲ့သည်။အခန်းထဲ ရောက်တော့ သူကုတင်ပေါ် ထိုင်ချတော့ ဟိုနှစ်ကောင်လဲ ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။
"ကဲ သားကြီး မင်းမမစံ မနက်ဖြန်ပဲ ပြန်ခိုင်းတော့မှာလား တကယ်ဆို မင်းဒဏ်ရာ ကျက်မှ ပြန်ခိုင်းလဲရတာပဲ ပြီးတော့ ဆေးကလဲ ဖြတ်ဖို့က တစ်လလောက် အနာကျက် မှ ဖြတ်လို့ရမှာလေ"
ရန်နိုင်က သဘာဝကျကျ သူ့အတွေးဝင်ပြောလေသည်။ခွန်ကလဲ ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လေသည်။
"ငါအတွက် သူလဲ လူပင်ပန်းစိတ်ပင်ပန်းနေရပြီ ပြီးတော့ သူက ဆေးရုံကို ပြန်ဝင်ဖို့ကို ငါကြောင့် ကြာနေတာ ငါလဲ အနားမှာ နေစေချင်တာပေါ့ ဒါပေမဲ့ သူကိုယ်တိုင် ဝါသနာပါလို့ အရမ်းကြိုးစားထားရတာ ငါအတ္တမကြီးချင်ဘူး"
DU LIEST GERADE
မောင့်ရင်မှာ အမြင့်စံ(completed)
Romantikအရင်ကအရမ်းဆိုးတဲ့ကောင် ခုခင်ဗျားနဲ့တွေ့မှလိမ္မာချင်လာတာ ဘာကြောင့်လဲသိလား ခင်ဗျားကိုစောက်ရမ်းချစ်လို့