အခန်း၂၀
တစ်နှစ်ခန့်ကြာသော်
စံ သူမပြန်လာမယ့်နေ့ကို မောင်လာကြိုနေမှာဆိုးလို့ တမင်မပြောဘဲထားကာ တောင်ကြီးသို့လိုက်သွားပြီး အံဩအောင်လုပ်ဖို့စီစဉ္ထားသည်။ပြီးတော့ မောင်ကဒီရက်ပိုင်းစာမေးပွဲရှိတယ်လို့ပြောထားတာမို့ လာကြိုနေရင် စာမေးပဲွထိခိုက် မှာဆိုးသည်။ပြန်ရောက်လို့ ဆေးရုံအုပ်ဆီတစ်ပတ်လောက်နေမှ အလုပ်ပြန်ဝင်ဖို့ပြောတော့ လက်ခံတာမို့ အိမ်မှာ ၂ရက်လောက်နေပြီး အဘွားဆီခွင့်တောင်းကာ တောင်ကြီသို့ သူငယ်ချင်းမနှစ်ယောက်နဲ့အတူထွက်လာကြသည်။ပြန်လာပြီးချင်း ခနပဲအိမ်မှာနေကာ မောင့်ဆီလိုက်တော့ သူငယ်ချင်းမနှစ်ယောက်က အပစ်ပြောပေမဲ့ သူမသွားတော့လဲလိုက်ပို့ရှာသည်။ရောက်တာနဲ့ မောင်နဲ့ ဟန်မပျက်ဖုန်းပြောပြီး မောင်ဘယ်မှာလဲမေးတော့ စာမေးပွဲနောက်ဆုံးနေ့ သွားဖြေမဲ့ အကြောင်းပြောတာမို့ ပြီးမဲ့အချိန်မေးကာ သူမလဲ ရေချိုးမြန်မာဝမ်းဆက်လေးဝတ် အလှပြင်ကာ နန်းနဲ့ချယ်ကိုခေါ်ကာ ထွက်လာလိုက်သည်။နန်းမောင်းတဲ့ ကားလေးစီးရင်း သာယာတဲ့ရှုခင်းအလှအပကို ခံစားနေမိသည်။တက္ကသိုလ်ဝန်းထဲရောက်တော့ စာမေးပွဲပြီးဖို့ ၁နာရီခွဲလောက်လိုသေးတာမို့
မရောက်ဖူးတဲ့ ကျောင်းကန်တင်းစီ မေးမြန်းကာသွားထိုင်ကြသည်။အစားအသောက်မှာပြီး စောင့်နေစဉ္ စားပဲွထိုးလေးကို သချင်္ာအဆောင်ဘယ်နားမှာလဲ မေးရသေးသည်။
အဖြေလွှာအပ်ပြီးစောထွက်လာတဲ့ ရောင်စုံကျောင်းသား ကျောင်းသူလေးတွေကြည့်ရင်း"ငါတို့ ကျောင်းတက်ခဲ့တဲ့အချိန်တွေတောင် သတိရသွားတယ်"
"ဟုတ်တယ်နော် ချယ် ငါတို့တက်တုန်းကတော့ ခုလိုကျောင်းသားဘဝကိုသိပ်မခံစားမိဘူးနော် အိမ်ကအကြိုအပို့လုပ် အိမ်ပြန်စာလုပ်နဲ့အချိန်ကုန်ခဲ့တာ ပေါင်းတဲ့သူငယ်ချင်းတွေက အေးတော့ပိုဆိုး ဘယ်မှလျှောက် မလည်ဖြစ်ဘူး"
"ဟုတ်တယ်နော် နန်းကမှအဆောင်နေတော့ အဆောင်အရသာသိလိုက်သေးတယ် ညဘက်ဗိုက်ဆာရင် အခန်းဖော်နဲ့ အဆောင်မှူးမသိအောင် ခေါက်ဆဲွပြုတ်စားရတာပျော်စရာဟ တစ်ခါညဘက်ရေချိုးရင်း အချင်းချင်းကို သရဲထင်ပြီး လန့်အော်နဲ့ပျော်စရာအမှတ်တရပေါ့ အဲစံရေ မဟာလဲ ထွက်လာလောက်ပြီး အဆောင်ရှေ့သွားစောင့်ရအောင်"
CZYTASZ
မောင့်ရင်မှာ အမြင့်စံ(completed)
Romansအရင်ကအရမ်းဆိုးတဲ့ကောင် ခုခင်ဗျားနဲ့တွေ့မှလိမ္မာချင်လာတာ ဘာကြောင့်လဲသိလား ခင်ဗျားကိုစောက်ရမ်းချစ်လို့