Ep-22

8.8K 254 3
                                    

အခန်း၂၂

ဒေါ်နန်းမဟာထိပ် မြေးနှစ်ယောက်ကြား ရပ်ပြီး အပြိုင်အဆိုင်တင်းမာနေတဲ့ မျက်နှာထားတွေကြောင့် မြေးနှစ်ယောက်ကြားက ပြသနာတွေကို သိချင်မိသည်။

ထိပ်ထားလဲ  အားကိုးရမဲ့ အဘွားရောက်လာတာမို့   မောင်ဖြစ်တဲ့သူရဲ့ အကြောင်းကို

"ဒီလိုပါ အဘွား မဟာက အနွယ်ဝင်မဟုတ်တဲ့ သာမန်လူမျိုးခြားနဲ့တွဲနေတာကို သမီးကတားတာကို မဆိုင်တာဝင်မပါနဲ့လို့ ပြောတယ်အဘွား"

အဘွားလဲ  သူရဲ့ဆက်ခံသူက လူမျိုးခြားနဲ့ကြိုက်နေတာကို လုံးဝသဘောမတူနိုင်ပေ။စော်ဘွားမျိုးနွယ်ဖြစ်တဲ့အပြင် ဆက်ခံသူဖြစ်တဲ့မဟာက အနွယ်တော်မဟုတ်တောင်သာမန်ရှမ်းလူမျိုးချင်း  ဖြစ်ရင်တောင် သူမလက်ခံနိုင်သေးသည်။သားဖြစ်သူတုန်းက
အနွယ်ဝင်ဖြစ်တဲ့ နန်းဝေစီကို မယူပဲ  သာမန်ရှမ်းတိုင်းရင်းသူဖြစ်တဲ့မဟာအမေနဲ့ယူလို့
သူမအတ္တကြီးစွာ နန်းဝေစီကိုပါ ထပ်ပြီး အကျပ်ကိုင် ပေးစားမိလို့  မယားနှစ်ယောက်နဲ့ အမေမတူတဲ့ သားသမီးများ အချင်းချင်းစည်းလုံးမှုမရှိတော့သည့့်  မိသားစုကိုကြည့်ရင်း သူမလုပ်ရပ်တွေကို နောင်တရမိပေမဲ့။ခုလို  မြေးမဟာက   မြေပြန့်သူနဲ့ယူမှာကိုတော့ သူမလက်မခံနိုင်  မရရအောင်တားမယ်လို့လဲ  ဆုံးဖြတ်လိုက်သည်။ဒေါသဖြင့်   နီရဲကာ အံကြိတ်ထားတဲ့ မြေးမဟာကို ကြည့်ကာ

"ကဲ  မြေးမဟာ နားလိုက်အုံး    ပြီးမှဘွားနဲ့အတူ ညစာစားဖို့ ဆင်းလာခဲ့    ထိပ်ထား သမီးဘွားနောက်လိုက်ခဲ့"

ထိပ်ထားကို မျက်နှာရိပ်ပြကာ သူမအခန်းထဲ
ခေါ်သွားလိုက်သည်။

မဟာလဲ အစ်မဖြစ်သူကို ပြန်ပြောမိတဲ့အတွက် စိတ်မကောင်းဖြစ်မိသော်လဲ သူတန်းဖိုးထားတဲ့ သူမကိုတော့အပြောနဲ့ပင် အထိမခံနိုင်ပေ။ဘယ်သူမှ သူလမ်းကို တားဖို့အခွင့်မပေးနိုင်။သူမကို   သူ့အသက်ထက်ချစ်တာမို့        သူသေမှသာ သူမနဲ့ခွဲနိုင်မည်။     စိတ်ရှုပ်ရှုပ်နဲ့        ခုတင်ပေါ်လဲှချလိုက်ပြီး
အဖြူမှုန့်ပါသော ဆေးလိပ်ကိုသောက်ပြီး
သူမအကြောင်းတွေးကာ လောကစည်းစိမ်ခံစားလိုက်သည်။

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now