အခန်း၁၃
"မမနန်းနဲ့မချယ် နေကောင်းတယ်နော်"
"ကောင်းပါတယ် ဒါနဲ့မဟာက ဒီကိုဘာကိစ္စရောက်နေတာလဲ"
"ဟို အဲဒါကဒီလိုရှိတယ် မမနန်း အရင်တစ်နေရာသွားပြီ စကားပြောရအောင်"
"အေး အဲဒါဆိုမမတို့အရင်သွားမယ် မဟာနောက်ကလိုက်ခဲ့နော် ဟဲ့စံသွားမယ်လေ ဘာရပ်လုပ်နေတာလဲ"
စံ မောင်မျက်နှာကို ကြည့်လိုက်တော့ မောင်က
"မမစံကို ကျနော်ပဲ ခေါ်လာလိုက်မယ် မမတို့ရှေ့ကသွားပါ"
"အော် အေးအေး"
"နန်းသူတို့ နှစ်ယောက်ကတစ်ခုခုပဲနော် နင်ေ ရာ တစ်မျိုးမထင်ဘူးလား"
"ထင်တာပေါ့ ပြီးတော့ ငါကြားလိုက်တယ်မဟာက သူကိုယ်သူမောင်လို့ပြောလိုက်တာကို စံကြည့်တော့လဲမလုံမလဲ ဖြစ်နေတာ သူတို့နှစ်ယောက်ဘာပြောမလဲဆိုတာ ကြည့့်ရမှာပဲ"
ကားမောင်းနေတဲ့မောင်က အေးဆေးနေပေမဲ့မအေးနိုင်တာသူမပင် သူမသူငယ်ချင်းနှစ်ယောက်ကတော့ သူမကိုစိတ်ဆိုးနေလောက်ပြီ သူမမပြောသေးလဲ အကင်းပါတဲ့ သူမသူငယ်ချင်းတွေက ရိပ်မိနေလောက်ပြီ။
"မောင်အသည်း စိတ်ပူနေတာလား လက်ဖျားလေးတွေအေးလာလိုက်တာ"
မောင်က သူကိုင်ထားတဲ့ လက်ဖဝါး လေးကို ပွတ်သပ်ရင်းမေးလာသည်။
"အင်း မောင်နဲ့ချစ်သူဖြစ်နေတာကို စံမပြောရသေးဘူး စံတို့က ရည်းစာစထားမယ်ဆိုရင် သူငယ်ချင်းတွေက အကဲခတ်မယ် လူကောင်းမှ ရည်းစားထားမယ် အဲလိုလုပ်ဖို့ကတိထားခဲ့ကြတာ ခုမှမောင်နဲ့ချစ်သူတွေဖြစ်နေတယ်လို့ ပြောလိုက်ရင် သူတို့စိတ်ဆိုးကြမှာ"
"အင်းပါ စိတ်မပူပါနဲ့ စိတ်အေးအေးထား တကယ်လို့ မမတို့စိတ်ဆိုးရင် မောင်တောင်းပန်ပေးပါ့မယ် မောင်ကမောင့်အသည်းအပြစ် မဟုတ်ပါဘူး မောင်ဘက်ကဇွတ်ချစ်ခဲ့လို့ပါဆိုပြီတောင်းပန်လိုက်မယ်နော်"
"ဟင် အဲလိုပြောလိုက် လို့ရမလား မောင့်ကိုအပြစ်ပြောမှာပေါ့ မပြောရပါဘူး သူတို့စိတ်ဆိုးလို့ပြောလဲ စံပဲခံလိုက်မယ် မောင်မပြောရဘူးနော်"
ВИ ЧИТАЄТЕ
မောင့်ရင်မှာ အမြင့်စံ(completed)
Романтикаအရင်ကအရမ်းဆိုးတဲ့ကောင် ခုခင်ဗျားနဲ့တွေ့မှလိမ္မာချင်လာတာ ဘာကြောင့်လဲသိလား ခင်ဗျားကိုစောက်ရမ်းချစ်လို့