Ep-36

10.1K 264 2
                                    

အခန်း၃၆

ခွန်နဲ့ရန်နိုင်လဲ မဟာ အဖေစီဖုန်းဆက်ကာ မုန်တိုင်းကို စီရင်ဖို့ အပ်လိုက်သည်။သူတို့စိတ်နဲ့ဆို သတ်ပစ်ချင်ပေမဲ့ မဟာလဲမကျခင်က မသတ်ဖို့ တားမစ်တာမို့  တရားဉပဒေအရစီရင်ရန် သာ အပ်လိုက်သည်။မဟာ အခြေအနေကတော့ ပုံမှန်ဆို ဓါးရှပ်ထိတာလောက်ကို ခံနိုင်ပေမဲ့ ဆေးဖြတ်ထားလို့ ပိန်ခြောက်ကာ အားနည်းနေတဲ့ ခန္ဓကိုယ်ကြောင့် သတိလစ်သွားရသည်။ဆရာဝန်နဲ့ အမြန်ကုသတာကြောင့် အခြေအနေကတော့ မစိုးရိမ်ရပဲ  အားနည်းလို့ အိပ်ပျော်နေတာပင်ဖြစ်သည်။ဒီကြားထဲ မမစံက ဖုန်းခေါ်နေတာကို သူတို့ကိုင်တော့ မမစံက မောင်ဘာဖြစ်လို့မကိုင်တာလဲကြည့် မေးနေလို့ သူတို့မှာဟိုလိမ်ဒီလိမ် အမျိုးမျိုးလိမ်ရသည်။နောက်ဆုံး မဟာအဖေက မဟာဘာမှ မဖြစ်ကြောင်း စိတ်မပူဖို့ ပြောမှ မမစံဘက်က လက်ခံခြင်းဖြစ်သည်။

စံလဲ မောင်နဲ့ တစ်နေ့လုံး ဖုန်းမပြောဖြစ်တာမို့ မောင်တစ်တစ်ခုခုဖြစ်မှာ စိုးရိမ်နေရသည်။မောင်သူငယ်ချင်းတွေ မေးတော့လဲ ဘာမှ ရေရေလည်လည် မသိရပေ။မောင်အဖေကသာ   မောင်နေကောင်းတယ်ဆိုမှ သူမစိတ်အေးရသည်။

"""ဟူး လွမ်းလိုက်တာမောင်ရယ်   မောင်ကိုလာတွေ့ချင်ပေမဲ့ မောင်စကားကြောင့် မောင်ငြိုငြင်အောင် စံမလုပ်ရက်ဘူးမောင်"""

၈လ ခန့့်ကြာပြီးနောက်

စံတစ်ယောက်  အခန်းထဲရှိ မှန်တင်ခုံရှေ့တွင် မျက်နှာလေးကို အသေးစိတ်ပြင်ဆင်ကာ  အဖြူရောင် မြန်မာ ဝမ်းဆက်လေးကို ဝတ်ဆင်လိုက်သည်။သူမအခုလို အလှပြင်နေရတာက မောင်က သူမအား ဒီနေ့လာတွေ့မယ်  အဖြူရောင်ဝမ်းဆက်လေးဝတ်ပြီး လှလှလေးပြင်ထားနော် မောင်လာခေါ်မယ်လို့ ​ညက ဖုန်းဆက်တာကြောင့် ပြင်ဆင်နေခြင်းဖြစ်သည်။အိမ်ကလူကြီးတွေနဲ့ မောင်က မတွေ့ဘူးပေမဲ့ သူမ ချစ်သူရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြထားတာမို့ မောင်လာခေါ်ရင် အိမ်ကိုလာဖို့ ပြောထားသည်။မနက် ၉ နာရီ ထိုးနေပေမဲ့ မောင်စီက ဖုန်းဆက်မလာတာကြောင့် သူမမှာ မျှော်တလင့်လင့့်နဲ့သာ စောင့်နေရသည်။နာရီဝက်လောက်နေတော့ မောင့်စီက ဖုန်းဝင်လာလို့သူမကိုင်လိုက်သည်။

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now