အခန်း ၉
"မဟာ မင်းငါကို ဘယ်ခေါ်သွားတာလဲ
ငါကိုပြန်ပို့ပေး ""ခင်ဗျားနဲ့စကားခနပဲ ပြောမှာ ငြိမ်ငြိမ်နေ မဟုတ်ရင် ပြန်ပို့ဖို့မသေချာဘူးနော်"
ကားကို လူရှင်းတဲ့လမ်းမဘေးတစ်နေရာရပ်လိုက် ပြီး သူမဘက်လှည့်ကာ ကြည့်လိုက်တော့ ဆူပုတ်နေတဲ့မျက်နှာဖြင့် သူမဖြင့် သူမျက်နှာကို ကြည့်နေတာကြောင့် ခုနကကဟိုကောင်ကျတော့ အကြည့်တွေကအစနူးညံနေတာမို့စိတ်ထဲခံပြင်းသွားသည်။
"ပြောအဲလူက ဘယ်သူလဲ ခင်ဗျားနဲ့ဘယိလိုပတ်သက်နေတာလဲဆိုတာ ကျုပ်အမှန်တိုင်းသိချင်တယ်"
စံမဆီမဆိုင် လူကိုအတင်းခေါ်လာပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေ မေးနေတာမို့
စိတ်ပေါက်ပေါက်ဖြင့်"အို ငါဘာသာ ဘယ်လိုပဲပတ်သတ်ပတ်သက် မင်းနဲ့ဘာဆိုင်လို့လဲ မင်းဘက်ကအဲလိုမေးနေရအောင် မင်းနဲ့မနေ့တနေ့မှတွေ့တာလေ မဆိုင်တာတွေလာမမေးနဲ့ ငါ့ကိုပြန်ပို့ပေး"
"ပြန်မပို့ ပေးဘူးဆိုရင်ရော ခင်ဗျားကျုပ်မေးတာဖြေမှ ပြန်လို့ရမယ်"
"ငါ ပြောပြီးပြီလေ မင်းနဲ့ဘာဆိုင်လို့လဲလို့"
"ခင်ဗျားနဲ့ ဆိုင်လားမဆိုင်လား သက်သေပြမယ်"
"အို မင်းအွန့်"
အတင်းဆဲွပွေ့ကာ သူမနှုတ်ခမ်းလေးကို ဆဲွနမ်းလာတာကြောင့် သူရင်ဘက်ကိုတွန်းကာထုတော့ မလွှတ်ပေးပဲ နှုတ်ခမ်းလေးကို စုပ်ကာနမ်းနေတဲ့ သူ့ကြောင့် သူမရင်ထဲ အေးလိုက်ပူလိုက်နဲ့ ရင်တွေခုန်မြန်နေသည်။
မဟာ တစ်ခါရစ်မူးဖူးတဲ့ သူမနှုတ်ခမ်းလေးကို နမ်းနေရင်း သူမျက်နှာမှာ စိုစွတ်လာသော သူမမျက်ရည်တွေကြောင့် သူအသာလွှတ်ပေးတော့ သူမကအသက်ကို အလုအယက်ရှုပြီး လက်တစ်ဖက်မြောက်တက်လာတော့ သူမရှောင်ပဲမျက်စိမှိတ်လိုက်သည်။
"ဖြန်း လူယုတ်မာ အဟင့်"
ပါးပေါ်က နာကျင်မှုကိုမမှုပဲ ငိုနေသော သူမမျက်နှာလေးပေါ်ကမျက်ရည်တွေကိုသုတ်ကာ ပေးတော့ သူလက်ကိုရိုက်ချသည်။
YOU ARE READING
မောင့်ရင်မှာ အမြင့်စံ(completed)
Romanceအရင်ကအရမ်းဆိုးတဲ့ကောင် ခုခင်ဗျားနဲ့တွေ့မှလိမ္မာချင်လာတာ ဘာကြောင့်လဲသိလား ခင်ဗျားကိုစောက်ရမ်းချစ်လို့