ဆရာ၀န်က ​​ဆေးစာ​ရေး​ပေးပြီး လိမ်း​ဆေး​ပေးသွားသည်။ ပုလင်းကြီးတန်းလန်းက ရှိ​နေဆဲ။ ​နောက်ထပ်တစ်နာရီ​လောက် ​စောင့်ရဦးမည်။

"အခုဘယ်မှာ​နေလဲ။ ရွာလူကြီးက စီစဥ်​ပေးတာလား"

"အဲ့စက်ရုံက အလုပ်သမားတစ်​ယောက်အိမ်လို့​ပြောတယ်။ ​လော​လောဆယ်​တော့ သူ့မိန်းမနဲ့က​လေးပဲရှိတယ်"

"​စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားပြီးရင်လည်း ဇိမ်ကျကျ​နေ​နေ​ရော​ပေါ့။ အပင်ပန်းအ​ဆင်းရဲခံ​နေရတယ်လို့.. ကိုယ်စိတ်မ​ကောင်းဖြစ်​​အောင်"

Taehyungက ခပ်မှိန်မှိန်က​လေး ပြုံးပြသည်။ ဟုတ်ပါရဲ့.. ဆင်းရဲမှုက ပင်ပန်းလိုက်တာ။ တစ်​ယောက်တည်းဖြစ်​နေ​တော့ အထီးကျန်မှု​တွေပါ ကပ်ပါလာပြီး ပိုပင်ပန်းသည်။

ဖြတ်သန်းလာတဲ့ နှစ်များစွာမှာ အထီးကျန်ခြင်းမကျန်ခြင်း​အ​ကြောင်းက ​မေ့​မေ့​ပျောက်​​ပျောက်။ အ​ဖေ့အ​ကြောင်း​တွေးမိလိုက် Jeon JungKookကို ကျိန်ဆဲလိုက်၊ စိတ်ပျက်စရာ​ကောင်း​အောင် ဆိုးပြလိုက်နှင့် ဖြတ်သန်းခဲ့သည်။
မုန်းရတယ်ဆိုတာကလည်း အထီးမကျန်​အောင် နှစ်သိမ့်​ပေးနိုင်တဲ့ နည်းလမ်းတစ်မျိုးလား။
အနည်းဆုံး​တော့ Jeon JungKookရှိ​နေလို့ပဲ အထီးကျန်ဖို့အ​ရေးကို သူ​မေ့​​လျော့​နေခဲ့တာဖြစ်သည်။

"ကျွန်​တော်အထီးကျန်​နေခဲ့တာ။ Abbyတို့မိသားစုက ကျွန်​တော့်အ​​ပေါ်​ကောင်းပါတယ်။ ဒါ​ပေမဲ့ ကျွန်​တော်တစ်​ယောက်တည်းလို့ ခံစား​နေမိတာ"

"အခုမင်းမှာ ကိုယ်ရှိ​နေပြီ​လေ။ မဟုတ်​သေးပါဘူး.. ကိုယ်က မင်းအတွက် အမြဲရှိခဲ့တာပဲ။ မင်းသတိမထားမိလို့​နေမှာ"

"အင်း.. ဘာလို့ပါလိမ့်။ ခင်ဗျားကိုမုန်း​ပေမဲ့ လိုအပ်​နေတာမျိုးက ထူးဆန်းတယ်"

"​နောက်ဆို ကိုယ့်အနား​နေပြီး​တော့ပဲ မုန်း​ပေးပါကွာ"

​ကောင်းကင်ဘုံနဲ့ တူ​သော အိမ်၊ ​ကောင်းကင်ဘုံကဲ့သို့​သော လူတစ်​ယောက်။
သူ့အ​ပေါ် အနွံတာအခံနိုင်ဆုံးလူ။ လွန်ခဲ့တဲ့နှစ်ပိုင်း​တွေမှာ သူအခါးသီးဆုံး ဆက်ဆံခဲ့​သောလူ။ သည်လူကို မမြင်နိုင်ခဲ့တာ သူသိပ်ညံ့သည်။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now